ဇာတ်ကားများ ရွေးရန်

Secrets & Lies

1996ဇာတ်ကားအမှတ် 7.6/10142 မိနစ်

Secrets & Lies (1996) IMDb Rating (8.0) / Rotten Tomatoes (95%) ဒါရိုက်တာ Mike Leigh ရဲ့ အကောင်းဆုံး လက်ရာမွန်ဖြစ်သလို ၁၉၉၆ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Family Drama ကောင်းကောင်းတွေကို နှစ်သက်သူတွေအတွက် "Must-Watch" စာရင်းထဲမှာ ပါဝင်တဲ့ ဂန္ထဝင်လက်ရာတစ်ခုပါ။ လန်ဒန်မြို့မှာ နေထိုင်တဲ့ Hortense ဆိုတဲ့ လူမည်းအမျိုးသမီး ရှေ့နေလေးဟာ သူမရဲ့ မွေးမိခင်အရင်းကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမ ရှာဖွေတွေ့ရှိသွားတဲ့ အမှန်တရားကတော့ သူမရဲ့ မိခင်အရင်းဟာ ဆင်းရဲနွမ်းပါးပြီး ဘဝကို ရုန်းကန်နေရတဲ့ လူဖြူအမျိုးသမီး Cynthia ဖြစ်နေတာပါပဲ။ Hortense က Cynthia ဆီကို ရုတ်တရက်ရောက်ရှိလာတဲ့အခါမှာတော့ Cynthia ရဲ့ မိသားစုဝင်တွေကြားမှာ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေ၊ နာကျည်းမှုတွေနဲ့ အထင်လွဲစရာတွေတွေဟာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ မိသားစု စားပွဲဝိုင်းတစ်ခုမှာ အားလုံးရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကွဲထွက်လာတဲ့ အခန်းဟာ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး အခန်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတဲ့ ဒရမ်မာစစ်စစ် ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size… (3.7 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:22:47 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း