ဇာတ်ကားများ ရွေးရန်

Beginnings

2025ဇာတ်ကားအမှတ် 7.0/1096 မိနစ်

Beginnings (2025) IMDb Rating (6.9) အိမ်ထောင်ရေးပြဿနာတွေကို ကောင်းကောင်းပုံဖော်ထားပြီး မိသားစုကြားက ချစ်ခြင်း၊ မုန်းခြင်း၊ တာဝန်သိခြင်းနဲ့ နာကျင်ခြင်းတွေကိုအဓိကရိုက်ပြထားတဲ့ Family Drama ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ အိမ်ထောင်သက်တမ်း ကြာမြင့်ခဲ့ပြီး အခုအခါမှာ လမ်းခွဲပြတ်စဲဖို့ ဆုံးဖြတ်ထားကြတဲ့ Thomas နဲ့ Ane တို့ ဇနီးမောင်နှံအကြောင်းပါ။ သူတို့နှစ်ယောက်ဟာ လမ်းခွဲဖို့ ပြင်ဆင်နေကြပေမဲ့ ဒီအကြောင်းကို သူတို့ရဲ့ ကလေးတွေကိုတော့ ဖွင့်မပြောရသေးပါဘူး။ Thomas က သူ့ရဲ့ရည်းစားအသစ်နဲ့အတူတူ နေထိုင်ဖို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ၊ မထင်မှတ်ဘဲ Ane တစ်ယောက် လေဖြတ်ခြင်း ဝေဒနာကို ခံစားလိုက်ရပါတယ်။ ဒီအခြေအနေကြောင့် Thomas ဟာ သူမကို ပစ်မထားနိုင်ဘဲ အတူတူ ဆက်နေဖို့ ဖြစ်လာပါတော့တယ်။ လမ်းခွဲချင်နေတဲ့ စိတ်နဲ့ တစ်ဖက်မှာလည်း ကျန်းမာရေးမကောင်းတဲ့ ဇနီးသည်ကို ပြုစုစောင့်ရှောက်ရမယ့် တာဝန်ကြားမှာ သူတို့ရဲ့ ဘဝအရှိတရားသစ်ကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ရင်နင့်စရာ မြင်တွေ့ရမယ့် Nordic Drama ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1 GB) / (700 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:36:47 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း