Akira
Akira (1988) ကို တစ်ကြိမ်ကြည့်ပြီးသွားတာနဲ့ “ဒါက animation တစ်ကားလား” လို မေးချင်လာလောက်မယ်ထင်ပါတယ် ။ Akira (1988) ကို ဒါရိုက်တာ Katsuhiro Otomo က ရိုက်ကူးထားပြီး၊ သူ့ကိုယ်တိုင်ရေးသားထားတဲ့ manga ကို အခြေခံထားတာပါ။ Anime လောကအတွက် “before Akira / after Akira” လိုတောင် ခွဲပြောလိုရတဲ့ အထိ သမိုင်းတစ်ခုကို ပြောင်းလဲသွားစေခဲ့ပါတယ်။ Neo-Tokyo ဆိုတဲ့ အနာဂတ်မြိုကြီးထဲမှာ လူငယ်တွေ၊ အာဏာ၊ စမ်းသပ်မှုတွေ၊ လူသားတိုရဲ့စိတ်အမှောင်ဘက်အခြမ်းတွေကို ပေါင်းစပ်ထားတဲ့ ဒီကားဟာ cyberpunk vibeကို တကယ်ပဲ အပြည့်အဝ ခံစားရစေပါတယ်။ Akira ဟာ Cyberpunk ဆိုတဲ့ အမျိုးအစားကို ကမ္ဘာက အသိအမှတ်ပြုလာအောင် ပြုလုပ်ခဲ့တဲ့ ရှေ့ဆောင်ကားပါ။ "High Tech, Low Life" ဆိုတဲ့အတိုင်း ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေရှိပေမဲ့ ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှုနဲ့ မငြိမ်မသက်မှုတွေ ပြည့်နှက်နေတဲ့ Neo-Tokyo ရဲ့ မြင်ကွင်းတွေဟာ နောက်ပိုင်းထွက်လာတဲ့ Ghost in the Shellကနေ The Matrix အထိ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ Akira ဟာ ဂျပန် animation တွေကို အနောက်နိုင်ငံတွေက အလေးအနက်ထား ကြည့်ရှုလာအောင် စတင်လုပ်ဆောင်ပေးခဲ့တဲ့ ကားလို ပြောရင် မှားမယ်မထင်ပါဘူး။ အဲ့ဒီအချိန်က anime ဆိုတာ ကလေးတွေကြည့်ဖိုပဲလို ထင်နေကြတဲ့အမြင်ကို Akira ရဲ့ ရင့်ကျက်တဲ့ ဇာတ်လမ်းသွား၊ သွေးထွက်သံယို အခန်းတွေနဲ့ အနုပညာလက်ရာမြောက်မှုတွေက ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်။ “ဒါက cinema တစ်မျိုးပဲ” ဆိုတာကို လက်ခံသွားခဲ့ကြပါတယ်။ ဒီကားကို “Anime Golden Age” ကို စတင်ဖွင့်ခဲ့တဲ့ masterpiece တစ်ကားလို လူများစုက သတ်မှတ်ကြပါတယ်။ Visual quality၊ sound design၊ storytelling အားလုံးက အဲ့ခေတ်အတွက် မဖြစ်နိုင်လောက်အောင်ရှေ့ပြေးနေခဲ့တာပါ။ Akira ကို ပြောရင် မဖြစ်မနေ ပြောရမယ့်အရာကတော့ Kaneda ရဲ့ red bike slide scene ပါပဲ။ စက္ကန့်အနည်းငယ်ပဲ ကြာတဲ့ scene တစ်ခုနဲ့တင် pop culture တစ်ခုလုံးကို ရိုက်ခိုက်သွားနိုင်တယ်ဆိုတာ ဒီကားက သက်သေပြလိုက်တာ။ နောက်ပိုင်း ရုပ်ရှင်တွေ၊ series တွေ၊ game တွေထဲမှာ အဲဒီ movement ကို ပြန်ထည့်ကြတာ မရေမတွက်နိုင်အောင်ပါပဲ။ နောက်ပိုင်းထွက်တဲ့ ရုပ်ရှင်တွေ၊ ကာတွန်းတွေဖြစ်တဲ့ Batman: The Animated Series, Star Wars: The Clone Wars, Pokémon, Adventure Timeနဲ့ Steven Universeတိုမှာ ဂုဏ်ပြုတဲ့အနေနဲ့ (Reference ယူပြီး) ပြန်လည်ရိုက်ကူးခဲ့ကြပါတယ်။ Box office အနေနဲ့လည်း အဲ့ခေတ် anime တစ်ကားအတွက် မထင်မှတ်လောက်အောင် အောင်မြင်ခဲ့ပြီး နောက်ပိုင်း re-release တွေနဲ့ပါ ကမ္ဘာတစ်ဝှမ်း ဝင်ငွေတွေရရှိခဲ့ပါတယ်။ အဲ့ဒီခေတ်က Akira ကို ဖန်တီးဖိုအတွက် ယန်း ၁.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ သန်းခန့်) အကုန်အကျခံခဲ့ပါတယ်။ ဒါဟာ အဲ့ဒီအချိန်က anime တစ်ကားအတွက် အများဆုံးအကုန်အကျခံခဲ့တဲ့ စံချိန်ပါ။ ကမ္ဘာတစ်ဝန်းမှာ ပြသခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်အထိ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၄၉ သန်း ဝန်းကျင် ရရှိခဲ့ပါတယ်။ ဒါတင်မကဘဲ Home Video (VHS/DVD) ရောင်းချမှုကနေ ဒေါ်လာ သန်း ၈၀ ကျော် ထပ်မံရရှိခဲ့လို စီးပွားရေးအရရော၊ အနုပညာအရပါ အလွန်အောင်မြင်တဲ့ကား ဖြစ်ပါတယ်။ ဒါပေမယ့် Akira ရဲ့တန်ဖိုးက ဝင်ငွေထက်ပိုပါတယ်။ နောက်ထပ် မျိုးဆက်အသစ်တွေကို inspire လုပ်ပေးခဲ့တဲ့ influence က အရေးကြီးဆုံးပါ။ Akira မှာ သုံးထားတဲ့ အရောင်ပေါင်း ၃၀၀ ကျော်ထဲက ၅၀ နီးပါးဟာ ဒီကားအတွက်ပဲ သီးသန့်တီထွင်ထားတာဖြစ်ပြီး အခန်းပေါင်း ၁ သိန်းခွဲကျော်ကို လက်နဲ့ပဲ သေသေချာချာ ဆွဲခဲ့တာပါ။ ကွန်ပျူတာ အကူအညီမပါဘဲ ဖန်တီးထားတဲ့ အဲ့ဒီခေတ်က animation အရည်အသွေးဟာ အခုခေတ်ကားတွေနဲ့ ယှဉ်ရင်တောင် ရင်သပ်ရှုမောစရာ ကောင်းနေဆဲ ဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ပြောရရင် Akira က ရုပ်ရှင်တစ်ကားမဟုတ်ဘူး… movement တစ်ခုလိုပါပဲ။ Cyberpunk aesthetic၊ dark tone၊ psychological depth—ဒီအရာတွေကို ပေါင်းစည်းပြီး “anime ဆိုတာ ဘယ်လောက်ထိ သွားနိုင်လဲ” ဆိုတာကို လောကကြီးကို ပြသခဲ့တဲ့ ဂန္ဓဝင်တစ်ကား။ တစ်ခါမှ မကြည့်ဖူးသေးရင်… ဒီနေ့ပဲ စပြီး ကြည့်သင့်တယ်။
ဇာတ်လမ်းအကြောင်း