ဇာတ်ကားများ ရွေးရန်

Late Blossom

2011ဇာတ်ကားအမှတ် 7.8/10118 မိနစ်

Late Blossom (2011) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ပြည်သူ့အချစ်တော် မင်းသားကြီး Lee Soon-Jae နဲ့ Running Man အဖွဲ့ဝင် Song Ji-Hyo တို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ Lee Soon-Jae ၊ Song Ji-Hyo တို့အပြင် မင်းသား မင်းသမီးကြီးတွေဖြစ်ကြတဲ့ Song Jae-Ho၊ Yoon So-Jung ၊ Kim Soo-Mi စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း အရုဏ်တက်ချိန်တွေမှာ နွားနို့ပို့တဲ့ ဂင်မန်ဆော့ (Lee Soon-Jae)ဟာ အမြဲစိတ်ဆတ်တတ်ပြီး စကားကို တည့်တိုးပြောတတ်ပေမဲ့ ကြင်နာတတ်သူဖြစ်ပါတယ်။ နွားနို့ပို့ရင်း တစ်နေ့မှာတော့ စက္ကူအပိုင်းတွေ စုပြီး ပင်ပင်ပန်းပန်း ရှာဖွေစားသောက်နေရတဲ့ ဆုန်းမျိုးရိုး(Yoon So-Jung) ဆိုတဲ့ အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပြီးနောက် မေတ္တာရှိသွားပါတော့တယ်။ တစ်ဖက်မှာလည်း ကားပါကင်မှာ အလုပ်လုပ်တဲ့ ဂျန်ဂွန်းဘုံး (Song Jae-Ho) က မနက်ကနေ ညဥ့်နက်အထိ အလုပ်ကြိုးစားလုပ်ရင်း သူငယ်ပြန်နေတဲ့ ဇနီးသည်ဖြစ်သူကို စောင့်ရှောက်နေသူပါ။ ဒီလိုမျိုး သက်ကြီးရွယ်အို ဇနီးမောင်နှံတွေရဲ့ ဖြူစင်တဲ့အချစ်ကို ပုံဖော်ထားတဲ့အပြင် မေတ္တာနဲ့ အပြန်အလှန် ဖေးမမှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး ဘဝနဲ့ ရေစက်ကံကြမ္မာရဲ့ အဓိပ္ပါယ်ကို ဇာတ်လမ်း အေးအေးလေးနဲ့ မီးမောင်းထိုးပြထားတဲ့ ရင်ထဲထိစေမဲ့ ကားလေးဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။ File size…1.66GB / 821MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 58 min. Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း