ဇာတ်ကားများ ရွေးရန်

Duelist

2005ဇာတ်ကားအမှတ် 7.0/10111 မိနစ်

Duelist (2005) ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Duelist" ရုပ်ရှင်ဟာ ဂျိုဆွန်းမင်းဆက်နှောင်းပိုင်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး Visual Effects နဲ့ အနုပညာဆန်တဲ့ တင်ဆက်မှုတွေကြောင့် နာမည်ကျော်ခဲ့တဲ့ အက်ရှင်အချစ်ဒရမ်မာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Climax ထဲက မင်းသမီးချော Ha Ji Won၊ Tempest ထဲက မင်းသား Kang Dong Won နဲ့ မင်းသားကြီး Ahn Sung Ki တို့ အဓိက ပါဝင်ထားတာကြောင့် cast တွေနဲ့တင် ကြည့်ရတန်နေတဲ့ ကားလေးပါ။ ဇာတ်လမ်းအကျဥ်းကတော့ .. နမ်ဆွန်း (Ha Ji won) နဲ့ ဝါရင့်အထောက်တော်ကြီး အန်း (Ahn Sung ki) တို့က နိုင်ငံအတွင်းမှာ ပျံ့နှံ့နေတဲ့ ငွေတုကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ် .. ဒီလို စုံစမ်းစစ်ဆေးမှုတွေကြားကနေ "Sad Eyes" လို့ လူသိများတဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်သမား (Kang Dong won) နဲ့ နမ်ဆွန်းတို့ ထိပ်တိုက်တွေ့ဆုံကြတဲ့အခါ တာဝန်နဲ့ အချစ်ကြားက လွန်ဆွဲပွဲက စတင်ပါတော့တယ်။ ရန်သူတွေဖြစ်ပေမယ့် ဓားချင်းယှဉ်ပြိုင်ရင်း တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မဖော်ပြနိုင်တဲ့ သံယောဇဉ်တွေ ပေါက်ဖွားလာတဲ့အခါမှာတော့ ..... အက်ရှင်၊ လျှို့ဝှက်ဆန်းကြယ်နဲ့ အချစ်ရသ သုံးမျိုးစလုံးကို ပန်းချီကားတစ်ချပ်လို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားမို့လို့ ရှုစားလိုက်ပါဦးနော် .. File size…1.63GB / 667MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 51 min. Genre ….. Action, Historical, Mystery, Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း