ဇာတ်ကားများ ရွေးရန်

The Draw

2025ဇာတ်ကားအမှတ် 5.6/1099 မိနစ်

The Draw (2025) +++++++ "The Draw" (2026) ရုပ်ရှင်ကားက Sci-Fi Thriller အမျိုးအစားဖြစ်ပြီး ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေတဲ့ ဇာတ်လမ်းဆန်းလေးတစ်ခုပါ။ ဒီဇာတ်လမ်းက လူသားတွေမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် (Free will) မရှိတော့တဲ့ အနာဂတ်ကမ္ဘာကြီးကို အခြေခံထားတာပါ။ ဇာတ်လိုက်ဖြစ်သူ Alec က အေးအေးဆေးဆေး နေတတ်တဲ့ လူငယ်တစ်ယောက်ပေါ့။ သူက Avatar ဆိုင်တစ်ခုမှာ အလုပ်လုပ်ရပါတယ်။ အဲဒီခေတ်မှာ လူတွေက လက်ရှိဘဝထက် သူတို့ဖြစ်ချင်တဲ့ ပုံစံတူ "Avatar" တွေကိုပဲ အပြင်လောကမှာ အစားထိုးပြီး နေထိုင်ကြတာပါ။ Alec က ဒီလို နည်းပညာတွေအပေါ်မှာ သိပ်မကြည်ဖြူပေမယ့် အခြေအနေအရ လုပ်နေရတာပေါ့။ တစ်နေ့မှာတော့ Jade ဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ သူကလည်း Alec လိုပဲ ဒီစနစ်ကြီးကို မနှစ်သက်တဲ့သူဖြစ်ပေမယ့် သူကတော့ စနစ်ထဲမှာပဲ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်တတ်သူပါ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတစ်ဆင့် အစိုးရနဲ့ ဒီနည်းပညာစနစ်ကြီးရဲ့ နောက်ကွယ်က အန္တရာယ်တွေကို ရင်ဆိုင်ရပါတော့တယ်။ ဇာတ်လမ်းရဲ့ နောက်ခံမှာ "The Draw" ဆိုတဲ့ နိုင်ငံရေး ရည်ရွယ်ချက်ပါတဲ့ ဂိမ်းရှိုးတစ်ခုရှိပါတယ်။ အဲဒီရှိုးက တစ်ဖြည်းဖြည်းနဲ့ လူတွေရဲ့ အသက်အန္တရာယ်အထိ ခြိမ်းခြောက်လာတဲ့ "လူလိုက်တမ်းကစားပွဲ" ကြီး ဖြစ်လာတာပါ။ လူတွေက ဆိုရှယ်မီဒီယာ Filter တွေနောက်မှာ ပုန်းကွယ်နေကြသလိုမျိုး၊ အပြင်လောကမှာပါ Avatar တွေနဲ့ပဲ ဟန်ဆောင်နေထိုင်ကြတဲ့ အခြေအနေကို သရော်ထားတာ တော်တော်လေး ထိမိပါတယ်။ ဒီကားထဲမှာ ရှေးဟောင်းပစ္စည်း (Analog items) တွေကို လက်ဝယ်ထားတာဟာ ကြီးလေးတဲ့ ပြစ်မှုဖြစ်ပြီး လက်ထပ်တာကိုတောင် တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့အထိ ဆိုးဝါးတဲ့ Dystopian ကမ္ဘာကြီးကို တွေ့ရမှာပါ။ ဒီကားက "Black Mirror" တို့ "Equilibrium" တို့လို ကားမျိုးတွေကို ကြိုက်တဲ့သူဆိုရင်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။ File Size… (1.33GB) / (743MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 39m Genre ….Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း