Rubikon
စစ်ပွဲတွေနဲ့ ဓာတုလက်နက်တွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ကမ္ဘာပေါ်မှာ ကပ်ဘေးနဲ့ အငတ်ဘေးတွေ ကြုံနေရတဲ့ အနာဂတ်ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဩစတြီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါ။ တပ်မှူးဝက်ဂ်နာနဲ့ ဓာတုဗေဒပညာရှင် ဒေါက်တာကရိုင်လိုတို့ဟာ အာကာသစခန်းဆီ ယာဉ်ပျံနဲ့ ထွက်လာကြပါတယ်။ လမ်းပျောက်သွားတဲ့အခါ ဝက်ဂ်နာက ကိုယ်တိုင်ဝင်မောင်းပေးပြီး စခန်းကို ရောက်အောင် ပို့ပေးခဲ့တယ်။ ရက်အနည်းငယ်ကြာတော့ ကမ္ဘာအနီးမှာ မြူတွေဖုံးနေတာကြောင့် စုံစမ်းဖို့ ယာဉ်တစ်စင်း လွှတ်လိုက်ကြပါတယ်။ ဒါပေမယ့် အဲဒီယာဉ်က မြူတွေကြား ပိတ်မိပြီး အဆက်အသွယ် ပြတ်သွားတယ်။ ဝက်ဂ်နာတို့နှစ်ယောက်က မြူတွေကြောင့် အသက်ရှူကြပ်နေတဲ့ ယာဉ်ပေါ်ကလူကို ကယ်တင်ပေးခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာတော့ ခံတပ်တွေထဲ ခိုလှုံပြီး အသက်ရှင်ကျန်သူတွေရှိသလို အပြင်မှာ သေဆုံးသွားသူတွေလည်း ရှိနေပြီ။ ဒေါက်တာကရိုင်လိုက အောက်စီဂျင်ထုတ်ပေးနိုင်တဲ့ ရေညှိတွေကို စမ်းသပ်ထုတ်လုပ်နေသူ ဖြစ်ပါတယ်။ သူတို့ ကမ္ဘာကိုပြန်ပြီး အသက်ရှင်ကျန်သူတွေကို ကူညီကြမလား၊ ဒါမှမဟုတ် ယာဉ်ပေါ်မှာပဲ ဆက်နေကြမလားဆိုတဲ့ ရွေးချယ်မှုနဲ့ ကြုံလာရပါတယ်။
ဇာတ်လမ်းအကြောင်း