18th Rose
18th Rose (2026) IMDb Rating (6.5) "နှင်းဆီပန်း ၁၈ ပွင့်ထဲမှာ... မင်းက ငါ့အတွက် အရေးအကြီးဆုံး နောက်ဆုံးပန်းတစ်ပွင့်ပါ..." ကဲ... Pinoy အချစ်ကားကောင်းကောင်းလေးတွေကိုမှ အရသာခံကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာမှ နက်ဖလစ် ကနေ ပူပူနွေးနွေး အသစ်ထွက်ရှိလာတဲ့ "18th Rose (2026)" ဆိုတဲ့ Coming-of-age Romantic Drama ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာဆိုရင် ပရိသတ်တွေ မျက်မှန်းတန်းမိပြီးသားဖြစ်မယ့် မင်းသားချော Kyle Echarri နဲ့ ချစ်စရာမင်းသမီးလေး Xyriel Manabat တို့က ဂျော်ဒန် နဲ့ ရို့စ် အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖိလစ်ပိုင်ယဉ်ကျေးမှုမှာ မိန်းကလေးတစ်ယောက် အသက် ၁၈ နှစ်ပြည့်တဲ့မွေးနေ့ဟာ အရမ်းကို အရေးကြီးပြီး အဲဒီပွဲမှာ သူ့ဘဝရဲ့ အရေးပါတဲ့ ယောကျာ်းလေး ၁၈ ယောက်က နှင်းဆီပန်း တစ်ပွင့်စီ ပေးရတဲ့ ရိုးရာဓလေ့လေးရှိပါတယ်။ အထူးသဖြင့် နောက်ဆုံးပေးတဲ့ ၁၈ ပွင့်မြောက် နှင်းဆီဟာ အဖေ သို့မဟုတ် ဘဝရဲ့ အထူးခြားဆုံး လက်တွဲဖော် ဖြစ်တတ်ပါတယ်။ ဒီဇာတ်လမ်းလေးက အဲဒီ "18th Rose" ဆိုတဲ့ အယူအဆလေးကို အခြေခံပြီး ၂၀၀၀ ခုနှစ် အစောပိုင်းကာလတွေရဲ့ အငွေ့အသက်တွေနဲ့ ရောမွှေ ပုံဖော်ထားတာပါ။ ဇာတ်လမ်းကတော့ ရွန်ဘလွန်ဆိုတဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်နေတဲ့ ဒေသလေးမှာ အခြေတည်ထားပါတယ်။ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတဲ့ ရို့စ် နဲ့ ဂျော်ဒန်... သူတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ ငယ်ဘဝ၊ တိတ်တခိုး ရင်ခုန်ခဲ့ရတဲ့ အခိုက်အတန့်တွေနဲ့ အသက် ၁၈ နှစ်အရွယ် အရွယ်ရောက်လာချိန်မှာ ကြုံတွေ့လာရတဲ့ အချစ်ရေး၊ မိသားစု အတားအဆီးတွေကို သဘာဝကျကျ ရိုက်ပြထားတာပါ။ ရို့စ်ရဲ့ အရေးကြီးဆုံး ၁၈ နှစ်ပြည့် မွေးနေ့ပွဲလေးမှာရော သူ့အတွက် အရေးအကြီးဆုံး နောက်ဆုံးနှင်းဆီပွင့်ကို ဘယ်သူက ပေးခွင့်ရမလဲ... ဂျော်ဒန်ကရော ရို့စ်ရဲ့ ဘဝမှာ ဘယ်လိုနေရာကနေ ဆက်ပြီး ပါဝင်ခွင့်ရမလဲ... ဆိုတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ့်ရဲ့ ငယ်ဘဝ အချစ်ဦးကိုတောင် ပြန်သတိရသွားစေမယ့် Nostalgic Vibe လေးရယ်၊ ရွန်ဘလွန်ဒေသရဲ့ လှပတဲ့ ရှုခင်းတွေရယ်၊ မင်းသားမင်းသမီးရဲ့ မျက်စိအေးစရာ Chemistry လေးတွေရယ် ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းလေးမို့လို့... အချစ်ကို ကိုးကွယ်တဲ့ ဘော်ဒါတို့အတွက် ငယ်ချစ်ဦးကို တမ်းတမိစေမဲ့ ဒရာမာလေးပါပဲ။ File Size : 2.71GB / 1.22GB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 2hr 12m Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း