ဇာတ်ကားများ ရွေးရန်

Most Dangerous Game

2021ဇာတ်ကား

Most Dangerous Game (2021) ဘဝမှာ ကုလိုမရတဲ့ရောဂါတစ်ခုခုကိုခံစားရပြီဆိုရင် ခင်ဗျားတို့ဘာကို အရင်တွေးမိကြမလဲ အနီးစပ်ဆုံးကတော့ ကိုယ်ချစ်တဲ့သူတွေကို အဆင်ပြေပြေထားခဲ့ချင်ကြမှာပါ။ ဒီလိုပါပဲ Detroit မြို့က "ဒေါ့ဂျ်တိုင်းစ်" ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ကုသလိုမရနိုင်တဲ့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရမှန်းသိလိုက်ရတဲ့အချိန် သူသေဆုံးသွားခဲ့ရင် ကျန်ရစ်မယ့် ကိုယ်ဝန်ဆောင်ဇနီးသည်အတွက် ငွေကြေးအဆင်ပြေစေဖို နည်းလမ်းရှာနေခဲ့သူပါ။ ဒီအချိန်မှာပဲ ချမ်းသာတဲ့" မိုင်လ်စ်" နဲ့ ဆုံတွေ့ခဲ့ပြီး "Hunt" လိုခေါ်တဲ့ ဂိမ်းတစ်ခုမှာ ပါဝင်ဖို ကမ်းလှမ်းခံရပါတယ် စည်းကမ်းကတော့ ရိုးရှင်းပါတယ်။ "ဒေါ့ဂျ်" ဟာ သားကောင်အဖြစ် ၂၄ နာရီကြာအောင် ထွက်ပြေးရမှာဖြစ်ပြီး သူ့ကို အမဲလိုက်မယ့်သူတွေလက်ကနေ အသက်ရှင်အောင် ရုန်းကန်ရမှာပါ။ သူအသက်ရှင်နေတဲ့ နာရီတိုင်းအတွက် သူ့ဘဏ်အကောင့်ထဲကို ငွေတွေ အမြောက်အများဝင်လာမှာဖြစ်ပေမဲ့ မြိုပြရဲ့ ထောင့်ပေါင်းစုံမှာ လူသတ်သမားတွေက သူ့ကို စောင့်ကြိုနေကြပါတယ်။ ဒါပေမယ့် ရွေးချယ်စရာမရှိတဲ့ "ဒေါ့ဂျ်" ဟာ မိသားစုအတွက်နဲ့ အသက်ရှင်ဖို့ ဂိမ်းကို လက်ခံလိုက်ပြီး ဘယ်လိုစိတ်လှုပ်ရှားမှုတွေနဲ့ ကစားပြမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီကားမှာ "ဒေါ့ဂျ်" အဖြစ် Liam Hemsworth က ပါဝင်သရုပ်ဆောင်ထားပြီး မိသားစုအတွက် အသက်ကိုရင်းပြီး တိုက်ပွဲဝင်ရတဲ့ ဖခင်တစ်ယောက်ရဲ့ စွန့်စားမှုနဲ့ သတ္တိကို ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေကို ကြည့်ရမှာပါ။ သူ့ကို ဂိမ်းထဲဆွဲသွင်းတဲ့ ဗီလိန် "မိုင်လ်စ်" အဖြစ် ဝါရင့်သရုပ်ဆောင်ကြီး Christoph Waltz က ပါဝင်ထားပါတယ်။ Waltz ရဲ့ ထုံးစံအတိုင်း အေးအေးဆေးဆေးနဲ့ ကြောက်စရာကောင်းတဲ့ သရုပ်ဆောင်ဆောင်မှုတွေကိုလည်းတွေ့ရမှာပါ။ ဒီဇာတ်ကားကိုရိုက်ထားတဲ့ Phil Abraham ကလည်း နယူးယောက်မြို့ကြီးရဲ့ လမ်းမတွေ၊ မြေအောက်ရထားလိုင်းတွေနဲ့ အထပ်မြင့်အဆောက်အအုံတွေကို အမဲလိုက်ကွင်းပြင်ကြီးတစ်ခုလိုဖန်တီးလိုက်ပြီး ထွက်နေကျ Hunter ကားတွေနဲ့ မတူပဲ အချိန်နဲ့အမျှ ငွေကြေးတွေ တိုးလာတာကို ပြသရင်း တစ်ဖက်ကလည်း အသက်အန္တရာယ်က နီးကပ်လာတဲ့အချက်ကို ရင်ခုန်စရာကောင်းအောင် ပုံဖော်ထားတဲ့အတွက် ဇာတ်သိမ်းပိုင်းအထိ မျက်တောင်မခတ်ဘဲ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size… (1.9 GB) / (1.2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Thriller Duration…. 02:08:12 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း