ဇာတ်ကားများ ရွေးရန်

Tunnel

2016ဇာတ်ကားအမှတ် 7.3/10126 မိနစ်

Tunnel (2016) IMDb Rating (7.3)/ Rotten Tomatoes (100%) မင်းသားကြီး Ha Jung-Woo, မင်းသမီး Bae Doona, အရန်မင်းသားကြီး Oh Dal-soo နဲ့ မင်းသမီး Nam Ji-Hyun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ရုံဝင်သူ 7.1 သန်းကျော် စံချိန်တင်ခဲ့တဲ့အထိ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - မော်တော်ကား အရောင်းကိုယ်စားလှယ် အီဂျောင်ဆူ (Ha Jung-Woo) ဟာ စာချုပ်ကြီးတစ်ခုကို ချုပ်ဆိုနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ပဲ အိမ်အပြန်လမ်းဆီ ဦးတည်မောင်းနှင်လာနေစဉ် လမ်းခုလတ်မှာ ရုတ်တရက် ဥမင်လိုဏ်ခေါင်းက ပြိုကျသွားပြီး ဂျောင်ဆူလည်း ကွန်ကရစ် အပျက်အစီးတွေအောက်မှာ တစ်ယောက်တည်း ပိတ်မိသွားပါတော့တယ်။ အခုလက်ရှိ ဂျောင်ဆူရဲ့လက်ထဲမှာ ရှိတာကလည်း ဘက်ထရီ ၇၈ ရာခိုင်နှုန်းပဲ ကျန်တဲ့ ဖုန်း၊ ရေသန့်ဘူး ၂ ဘူးနဲ့ သမီးလေးအတွက် ဝယ်လာတဲ့ မွေးနေ့ကိတ်တစ်လုံးတည်းသာ... ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေက အရမ်း နှေးကွေးနေတာကြောင့် ဂျောင်ဆူကလည်း တောင့်ခံထားဖို့ ပိုပိုပြီး ခက်ခဲလာသလို အဲဒီအနီးအနားမှာရှိတဲ့ ဥမင်လိုဏ်ခေါင်းသစ် ဆောက်လုပ်ရေးကို ထိခိုက်စေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သင့်၊ မသင့်ဆိုတဲ့အပေါ် လူထုအမြင်တွေ ကွဲပြားလာကြတဲ့အခါမှာတော့... တကယ်ပဲ အဆုံးမှာ ကယ်ဆယ်ရေးအဖွဲ့က ဂျောင်ဆူကို အသက်ရှင်လျက်နဲ့ ပြန်လည် ကယ်ဆယ်ရမိပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File Size : 2.46GB/ 1.32GB Quality : BluRay 1080p 5.1CH/ 720p Format : mp4 Duration : 2hr 07m Genre : Thriller, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း