ဇာတ်ကားများ ရွေးရန်

Summer Is Crazy

2025ဇာတ်ကားအမှတ် 5.0/10100 မိနစ်

Summer Is Crazy (2025) IMDb Rating (6.0) ဖင်လန်နိုင်ငံရဲ့ ကျွန်းစု ရှုခင်းတွေနဲ့ Midsummer ပွဲတော်ရဲ့ ထူးခြားတဲ့ အငွေ့အသက်တွေကို လှပစွာ ရိုက်ကူးထားပြီး ဘဝရဲ့ ကျရှုံးမှုတွေကြားကနေ မျှော်လင့်ချက်ကို ဘယ်လိုရှာဖွေရမလဲဆိုတာကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းကတော့ အဆင့်မြင့်စားသောက်ဆိုင် ဖွင့်လှစ်ထားတဲ့ Eerola မိသားစုအကြောင်းပါ။ သူတို့ရဲ့ စားသောက်ဆိုင် လုပ်ငန်းပျက်စီး ဒေဝါလီခံသွားပြီးနောက်မှာတော့ အနာဂတ်အတွက် ဘာအစီအစဉ်မှ မရှိဘဲ Nauvo ဆိုတဲ့ ကျွန်းစုရွာလေးမှာ သောင်တင်နေကြပါတယ်။ ဖခင်ဖြစ်သူက စိတ်ကျရောဂါ ခံစားနေရချိန်မှာ မိခင်ဖြစ်သူနဲ့ ဆယ်ကျော်သက်သမီးဖြစ်သူတို့ကတော့ သူတို့ရဲ့ ကိုယ်ပိုင်အိပ်မက်တွေ၊ စိတ်ပျက်စရာတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီ Midsummer (နွေလယ်ပွဲတော်) ရက်သတ္တပတ်အတွင်းမှာ ရုန်းကန်ရင်ဆိုင်ကြရပါတယ်။ မိသားစုဝင်တွေတင်မကဘဲ သူတို့ရဲ့ သူငယ်ချင်းတွေ၊ ချစ်သူတွေရဲ့ ဇာတ်ကြောင်းတွေကလည်း ဒီပွဲတော်ရက်အတွင်းမှာ တစ်ခုနဲ့တစ်ခု ရောယှက်နေတဲ့ပုံစံနဲ့ ဇာတ်ကောင်အများအပြားရဲ့ ဘဝတွေကို စုစည်းတင်ဆက်ထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size… (1.5 GB) / (910 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:36:03 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း