The Survivor
ဟယ်ရီဟာ့ဖ်လို့လည်းခေါ်တဲ့ ဟက်ဇ်ကိုဟာ့ဖ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက အက်ရှ်ဝှစ်ဇ် နာဇီသုံ့ပန်းစခန်းကနေ အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ ဂျူးလူမျိုးတစ်ယောက်ပါ။ စစ်ကြီးပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာ လက်ဝှေ့သမားတစ်ယောက် ဖြစ်လာပေမဲ့ စခန်းထဲက အတွေ့အကြုံတွေနဲ့ စိတ်ဒဏ်ရာတွေက သူ့ဘဝကို ဆက်ပြီး ခြောက်လှန့်နေပါတယ်။ ၂၀၂၁ ခုနှစ်ထွက် အတ္ထုပ္ပတ္တိရုပ်ရှင် The Survivor က သူ့ရဲ့ဖြစ်ရပ်မှန်အကြောင်းကို ရိုက်ကူးထားတာပါ။ ရက်စက်ကြမ်းကြုတ်တဲ့ သုံ့ပန်းစခန်းမှာ အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရသလဲ၊ အဲဒီကနေ ဘယ်လိုလွတ်မြောက်လာခဲ့သလဲဆိုတာကနေ အမေရိကန်မှာ လက်ဝှေ့သမားအဖြစ် အသက်မွေးရပ်တည်တဲ့အထိ ပြောပြထားပါတယ်။ အတိတ်က စိတ်ဒဏ်ရာတွေဟာ သူ့ကို ဘယ်လောက်အထိ ဒုက္ခပေးနေမလဲ၊ အဲဒီခြောက်လှန့်မှုတွေကို သူဘယ်လိုရင်ဆိုင်မလဲဆိုတာကိုလည်း အလေးအနက်ထား ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း