ဇာတ်ကားများ ရွေးရန်

Black Showman

2025ဇာတ်ကားအမှတ် 8.5/10127 မိနစ်

Black Showman (2025) စုံထောက် ဂယ်လီလီယိုနဲ့ ရှင်ဇန်မိုနိုတို့ရဲ့ ဖန်တီးရှင် ဂျပန်နာမည်ကြီး စာရေးဆရာ ကေဂိုဟီဂါရှီနိုရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို စုံထောက်ရုပ်ရှင်ကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကာမီယိုဆိုတဲ့ကောင်မလေးဟာ မင်္ဂလာဆောင်ခါနီးအချိန်မှာ အငြိမ်းစားကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူ အသ-တ်ခံလိုက်ရတာကြောင့် ဇာတိမြို့လေးဆီကိုပြန်လာခဲ့ပါတယ်။ သူ ဇာတိမြို့လေးကိုရောက်တဲ့အခါမှာ အမှုက တရားခံမပေါ်သေးဘဲ မတွေ့ရတာနှစ်နဲ့ချီနေပြီဖြစ်တဲ့ သူ့အဖေရဲ့ ညီဖြစ်သူ သူ့ဦးလေး အမှတ်မထင် ပြန်ရောက်လာတာကိုပါ တွေ့လိုက်ရပါတယ်။ သူ့ဦးလေးဟာ တချိန်က နာမည်ကြီးမျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး စူးစမ်းနိုင်စွမ်း၊ လက်လှည့်၊ လှည့်ဖျားမှုတွေမှာ ကျွမ်းကျင်သူတစ်ယောက်ပါ။ ရဲတွေက လူသ-တ်သမားကို မဖော်ထုတ်နိုင်သေးတဲ့အချိန်မှာ မျက်လှည့်ဆရာဦးလေးဖြစ်သူဟာ သူရဲ့ မျက်လှည့်ပညာ၊ စိတ်ပညာ အကဲခတ်မှုတွေနဲ့ ထူးခြားတဲ့ စစ်မေးနည်းတွေကို သုံးပြီး တူမဖြစ်သူနဲ့အတူ လူသ-တ်မှုကို ဖော်ထုတ်ဖို့ကြိုးစားပုံတွေကို စိတ်ဝင်စားဖို့ကောင်းအောင် ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ File size… 1.66 GB / 945 MB Quality…1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း