ဇာတ်ကားများ ရွေးရန်

Patty Is Such a Girly Name

2025ဇာတ်ကားအမှတ် 8.0/10113 မိနစ်

Patty Is Such a Girly Name (2025) ++++++++++++++++ ဂရိရုပ်ရှင် "Poly Koritsistiko Onoma to Patty" ( Patty Is Such a Girly Name) က ၂၀၂၅ မှာ ထွက်ထားတဲ့ ဂရိနိုင်ငံက Sports Drama အမျိုးအစားပါ။ နာမည်လေးက ကြည့်လိုက်ရင်တော့ နုနုရွရွလေးပါ။ ဒါပေမဲ့ ဇာတ်လမ်းက တကယ်တော့ အားကစားသမားတစ်ယောက်ရဲ့ ဘဝတိုက်ပွဲအကြောင်းကို ခပ်မိုက်မိုက် ရိုက်ပြထားတာပါ။ ဇာတ်လမ်းက Daphne (ဒက်ဖနီ) ဆိုတဲ့ ၁၈ နှစ်အရွယ် ကောင်မလေးအကြောင်းပါ။ လူတွေက သူ့ကို "Patty" လို့လည်း ချစ်စနိုးခေါ်ကြပါတယ်။ သူက ဂရိကျွန်းလေးတစ်ခုမှာ နေတာဖြစ်ပေမယ့် Judo (ဂျူဒို) အားကစားကို အရူးအမူး ဝါသနာပါပြီး အရည်အချင်းလည်း ရှိသူလေးပေါ့။ တစ်နေ့မှာတော့ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ အိုလံပစ်ပြိုင်ပွဲကို တက်လှမ်းဖို့အတွက် သူ့ရဲ့ ဆရာ (Sensei Yuri) နဲ့အတူ အေသင်မြို့ကြီးဆီကို ထွက်လာခဲ့တယ်။ ကျွန်းလေးပေါ်မှာ နေခဲ့တဲ့ ပေါ့ပေါ့ပါးပါး ဘဝကနေ မြို့ကြီးပြကြီးက ပြိုင်ဆိုင်မှုတွေကြား ရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ မြို့ကြီးမှာ အောင်မြင်ဖို့ ကြိုးစားရင်းနဲ့ အချစ်၊ သစ္စာဖောက်မှုတွေနဲ့ ဘဝရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို Patty တစ်ယောက် ရင်ဆိုင်ရပါတယ်။ ကလေးဘဝကနေ လူကြီးကမ္ဘာထဲကို ဝင်ရောက်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သေချာပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာ Patty နဲ့ နောက်ထပ် အမျိုးသမီး အားကစားသမား တစ်ယောက်ကြားက သံယောဇဉ်နဲ့ ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒီကားက ရိုးရိုးတန်းတန်း အားကစားကားတင် မဟုတ်ဘဲ "Patty" လို့ ခေါ်တဲ့ မိန်းကလေးဆန်ဆန် နာမည်လေးနောက်ကွယ်က မာကျောတဲ့ စိတ်ဓာတ်နဲ့၊ လူကြီးဘဝကို ကူးပြောင်းချိန်မှာ ကြုံရတတ်တဲ့ လောကဓံတွေကို ရိုက်ပြထားတာဖြစ်လို့ တော်တော်လေး ကြည့်ကောင်းတဲ့ ကားလေးပါပဲ။ File Size… (1.36GB) / (832MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 53m Genre ….Drama , Romance , Sport Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း