The Aftermath of Murder
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ အလုပ်လုပ်တဲ့ နမ်ဆန်းဟီးဆိုတဲ့ မိန်းကလေးဟာ တစ်နေ့မှာ ရုတ်တရက် ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုဖမ်းခေါ်ဖို့ ခိုင်းစေသူက စုံထောက်ဂျန်ဖြစ်ပြီး သူက နမ်ဆန်းဟီးကို ဂင်မီဂျောင်းလို့ ထင်နေတာပါ။ ဂင်မီဂျောင်းဆိုတာ လွန်ခဲ့တဲ့နှစ်နှစ်က ငွေသန်းပေါင်းများစွာကို လိမ်လည်ပြီး ထွက်ပြေးသွားခဲ့တဲ့ မိန်းကလေးဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ နမ်ဆန်းဟီးဟာ တကယ်ပဲ ဂင်မီဂျောင်းလား၊ ဒါမှမဟုတ် လူမှားပြီး ပြန်ပေးဆွဲခံလိုက်ရတာလားဆိုတာ မရှင်းသေးပါဘူး။ စုံထောက်ဂျန်ကလည်း တရားဥပဒေအတိုင်း မလုပ်ဘဲ ဒီနည်းကို ဘာကြောင့်ရွေးရတာလဲ၊ အဲဒီငွေတွေကို ဘာလို့လိုချင်နေရတာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်။ ပျောက်နေတဲ့ငွေတွေ ဘယ်မှာရှိမလဲ၊ စုံထောက်ဂျန်နဲ့ ပြန်ပေးဆွဲသူအဖွဲ့ လက်ထဲရောက်သွားမလား၊ နမ်ဆန်းဟီးကရော လွတ်မြောက်နိုင်မလားဆိုတာနဲ့အတူ ဂင်မီဂျောင်းအစစ် ဘယ်သူလဲဆိုတာကို ရှာဖွေရမှာပါ။
ဇာတ်လမ်းအကြောင်း