ဇာတ်ကားများ ရွေးရန်

Cat Kiss

2025ဇာတ်ကားအမှတ် 6.6/10121 မိနစ်

Cat Kiss (2025) IMDb Rating (6.6) ဒီတစ်ခေါက်မှာတော့ Love Me ထဲက မင်းသား Oh Dong-Min နဲ့ Boyfriend on Demand ထဲက မင်းသမီး Ryu Abel တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Healing Movie လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီးနောက် ဘဝကို မျှော်လင့်ချက်မဲ့စွာနဲ့ ဖြတ်သန်းနေတဲ့ ပုံပြင်ရေးဆရာ ဂျိုယုံးဟီး (Oh Dong-Min)... သူက ဇနီးသည် ပန်းချီဆွဲနေကျ အခန်းထဲကို ဝင်သွားလိုက်တာနဲ့ အသက်ရှူကျပ်တဲ့ ဝေဒနာ စတင်ဖြစ်ပေါ်လာတာကြောင့် အချိန်အတော်ကြာ အဲဒီအခန်းက အလွတ်ဖြစ်နေတော့တာပေါ့။ ဒါပေမဲ့ တစ်နေ့ကစပြီး အဲဒီအခန်းထဲကနေ ထူးဆန်းတဲ့အသံကို ကြားလာရလို့ သတ္တိမွေးပြီး အခန်းတံခါးကို ဖွင့်ကြည့်လိုက်တဲ့အခါ အခန်းမျက်နှာကြက်က ရေတွေ ယိုနေသလို သူ့ရဲ့သားလေး ဂျယ်အင်းက သူမသိအောင် ဖွက်ထားတဲ့ ကြောင်လေးတစ်ကောင်လည်း ရှိနေခဲ့ပါတယ်။ ဂျယ်အင်းက ကြောင်လေးကို မွေးခွင့်ပေးဖို့ တောင်းဆိုလာသလို အိမ်မျက်နှာကြက် ရေယိုတာကို လာပြင်တဲ့ လက်သမားမလေး ဟာရိုအွန်း (Ryu Abel) ကလည်း ပစ်ထားတဲ့အခန်းကို ကြောင်အခန်းအဖြစ် ပြုပြင်ပြောင်းလဲဖို့ အကြံပြုလာတဲ့အခါမှာ... ယုံးဟီးက အဆုံးမှာ ဘယ်လို ရွေးချယ်မှုမျိုးကို ပြုလုပ်သွားမှာလဲ... စိတ်ဒဏ်ရာကိုယ်စီနဲ့ လူသားတွေဟာ ကြောင်လေးတစ်ကောင်ကို အမှီပြုပြီး ပိတ်လှောင်ထားတဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို နွေးထွေးတဲ့အမြင်နဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.43GB / 660MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 2hr 01m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း