ဇာတ်ကားများ ရွေးရန်

The Red Turtle

2016ဇာတ်ကားအမှတ် 7.4/1081 မိနစ်

The Red Turtle (2016) IMDB - 7.5/10 ဒီ Anime ကားလေးကိုတော့ ဂျပန် Disney လို့ တင်စားခေါ်ဝေါ်ကြတဲ့ Studio Ghibli နဲ့ ပြင်သစ်ဒါရိုက်တာ Michaël Dudok de Wit တို့ ပူးပေါင်းဖန်တီးထားပြီး စကားပြောခန်း ဒိုင်ယာလော့ခ်ခန်းမပါပေမဲ့ တကယ်ကောင်းမွန်တဲ့ လက်ရာမွန်ဖြစ်ခဲ့ပါတယ်။ စကားပြောခန်းမပါလို့ ပျင်းစရာကောင်းမယ်လို့တော့ မထင်လိုက်ပါနဲ့။ ပတ်ဝန်းကျင်အသံတွေရယ် နာမည်ကြီး Laurent Perez del Mar ရဲ့ နောက်ခံဇာတ်ဝင်တေးတွေနဲ့တင် အသက်ဝင်ရုပ်လုံးကြွနေလို့ပါပဲ။ Studio Ghibli ရဲ့လက်ရာဖြစ်တာမို့ Animation အတွက်ကလည်း အရာတိုင်းက အနုစိတ်ပြီး ပန်းချီကားလေးတွေ ခံစားနေရသလို ဖြစ်နေမှာပါ။ ဇာတ်လမ်းလေးကတော့ လူသူမရှိတဲ့ ပင်လယ်ကျွန်းကြီးတစ်ကျွန်းပေါ်ကို သင်္ဘောပျက်ပြီး ရောက်ရှိလာတဲ့ အမျိုးသားတစ်ယောက်အကြောင်းပါ။ သူက အဲဒီကျွန်းကနေ လွတ်မြောက်ဖို့အတွက် ဝါးဖောင်တွေ အကြိမ်ကြိမ် ဆောက်ပေမဲ့လည်း ကြိုးစားတဲ့အကြိမ်တိုင်းမှာ ထူးဆန်းတဲ့ လိပ်နီကြီးတစ်ကောင်က သူ့ဖောင်ကို လာလာတိုက်ပြီး ဖျက်ဆီးပစ်ပါတယ်။ အဲဒါနဲ့ သူလည်း ဒေါသထွက်ပြီး အဲဒီလိပ်နီကြီးကို လက်စားချေဖို့ ကြိုးစားရာကနေ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ဆန်းကြီးတစ်ခု ဖြစ်လာပြီး ကျွန်းပေါ်မှာပဲ သူ့ရဲ့ ဘဝတစ်သက်တာလုံးကို သဘာဝတရား၊ မိသားစု၊ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတို့နဲ့အတူ ဖြတ်သန်းသွားရပုံကို အနုပညာမြောက်စွာနဲ့ ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကြောင်း