ဇာတ်ကားများ ရွေးရန်

Kissable Lips

2022ဇာတ်ကားအမှတ် 1.0/1086 မိနစ်

သွေးစုပ်ဖုတ်ကောင် ဂျန်ဟိုဟာ ကိုယ့်စိတ်ကို မထိန်းနိုင်ခဲ့လို့ လူသားချစ်သူ ဒိုဟွန်းကို သတ်မိပြီး ဆုံးရှုံးထားရပါတယ်။ ချစ်သူကို ဆုံးရှုံးရတဲ့ဝေဒနာအပြင် သူ့အတွက် နောက်ထပ်ရင်ဆိုင်ရမယ့် ကိစ္စတစ်ခုလည်း ရှိနေတယ်။ သွေးစုပ်ဖုတ်ကောင်တွေရဲ့ စည်းမျဉ်းအရ လူသားဖြစ်ဖြစ်၊ ကိုယ့်မျိုးတူဖြစ်ဖြစ် သတ်မိတဲ့သူဟာ ဆယ်နှစ်အတွင်း ပျောက်ကွယ်သွားရမှာပါ။ ဂျန်ဟိုအတွက်လည်း အဲဒီအချိန်က နီးလာနေပြီဖြစ်ပါတယ်။ ဆက်ရှင်သန်နိုင်မယ့် နည်းလမ်းကတော့ သွေးသန့်လူသားကို ရှာပြီး သွေးစုပ်ဖို့ပါပဲ။ ဒါပေမဲ့ သွေးသန့်လူသားဆိုတာ ရာစုနှစ်တစ်ခုမှာ တစ်ယောက်ပဲ မွေးဖွားတာဖြစ်ပါတယ်။ လူသားဖြစ်လာဖို့ နည်းလမ်းရှာနေတဲ့ ဂျန်ဟိုက သွေးသန့်လူသား ချွဲမင်ဟျွန်းနဲ့ တွေ့လာတဲ့အခါ သူတို့နှစ်ယောက်ကြား ဘာတွေဖြစ်လာမလဲ၊ ဂျန်ဟိုက ဘယ်လိုဆက်ကြိုးစားမလဲဆိုတာကို ပြောပြထားတဲ့ BL အချစ်ဒရာမာပါ။ ဂျန်ဟိုအဖြစ် Kim Ji Woong၊ ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin နဲ့ ဟေးဆိုးအဖြစ် Moon Ji Hoo တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း