Seek
Seek (2025) ဒီတစ်ခါ Movie ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ ဂျပန်နင်ဂျာကားကောင်လေးဖြစ်တဲ့ "SEEK" (2025) ပဲဖြစ်ပါတယ်။ ဒါရိုက်တာ Shane Kosugi ရိုက်ကူးထားတဲ့ ဒီကားလေးကို "အမှောင်ထုထဲက နင်ဂျာသူလျှိုများရဲ့ တိုက်ပွဲ" လို့နာမည်ပေးချင်ပါတယ်ရှင့်။ ဇာတ်လမ်းအမျိုးအစားကတော့ Spy Action နဲ့ Martial Arts ဖြစ်တာကြောင့် သူလျှိုဇာတ်လမ်း၊ ဂျပန်နင်ဂျာ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ တိုက်ကွက်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မျက်မှောက်ခေတ် ဂျပန်နိုင်ငံရဲ့ သာမန်လူနေမှုဘဝတွေရဲ့ နောက်ကွယ်မှာ ရှေးဟောင်းနင်ဂျာမျိုးနွယ်တွေဟာ ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ ခေတ်မီလက်နက်တွေ၊ နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး "SEEK" (သို့မဟုတ် "49") လို့ခေါ်တဲ့ လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆက်လက်ရှင်သန်နေပါတယ်။ ဇာတ်လမ်းကိုတော့ အကောင်းဆုံးအေးဂျင့်တစ်ဦးဖြစ်တဲ့ Kyohei Aizawa ကနေ စတင်ထားပါတယ်။ သူဟာ ချစ်သူဖြစ်သူ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာတွေနဲ့ အနားယူနေတဲ့သူပါ။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်သူ Ryo Mikumo ( Nahana) က သူ့ကို အရေးပေါ်မစ်ရှင်တစ်ခုအတွက် ပြန်ခေါ်ခဲ့ပါတယ်။ အဲဒီမစ်ရှင်ကတော့ တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနိုင်တဲ့ "RDX@" လို့ခေါ်တဲ့ ပြင်းအားကောင်းပြီး ပေါက်ကွဲစေတတ်တဲ့ အရည်တွေကို ပြန်လည်ရယူဖို့နဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် Sojiro Kotsugi ရဲ့ အန္တရာယ်ရှိတဲ့ အစီအစဉ်တွေကို ဟန့်တားဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ကိုယ်ခံပညာသီးသန့် အက်ရှင်ကားဖြစ်ပြီးတော့ ဒဏ္ဍာရီလာ နင်ဂျာမင်းသားကြီး Sho Kosugi ရဲ့ သားဖြစ်သူ Shane Kosugi က ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်လို့ တကယ့် Real Action တွေနဲ့ စတိုင်ကျတဲ့ တိုက်ခိုက်ရေးခန်းတွေကို မြင်တွေ့ရမှာပါ။ နာမည်ကြီးမင်းသား Kane Kosugi ဗီလိန်အဖြစ် ပါဝင်ထားပြီး ညီဖြစ်သူ Shane Kosugi ရဲ့ ပွဲဦးထွက်ရုပ်ရှင်မှာ အားဖြည့်ပေးထားတာကလည်း ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုပါပဲ။ ရှေးဟောင်းဓားသိုင်းပညာနဲ့ ခေတ်သစ်သူလျှိုဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့အတွက် John Wick လိုမျိုး Action ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။ File size…1.59GB / 842MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 33m Genre ….. Action, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း