ဇာတ်ကားများ ရွေးရန်

Sleight

2016ဇာတ်ကားအမှတ် 5.4/1089 မိနစ်

Sleight (2016) IMDb Rating (5.9) / Rotten Tomatoes (83%) ဘိုဟာ မိဘတွေဆုံးပါးပြီးတဲ့နောက် လူမမယ် ညီမလေးကို တစ်ယောက်တည်း ရုန်းကန်စောင့်ရှောက်နေရတဲ့လမ်းဘေးမျက်လှည့်ဆရာ လူငယ်လေးပါ။ ဒါပေမယ့် ဒီဝင်ငွေတစ်ခုတည်းနဲ့မလုံလောက်တာမို့ညဘက်မှာ မူးယစ်ဆေးရောင်းတဲ့လောကထဲကိုခြေစုံပစ်ဝင်ခဲ့ရပါတယ်။ အစပိုင်းတုန်းကတော့ ယာယီလောက်ပဲသဘောထားခဲ့ပေမယ့် ဝင်ငွေဖြောင့်တဲ့အလုပ်က ရုန်းမထွက်နိုင်ပဲ အချိန်တွေကြာလာတဲ့နောက် ဒီလောကရဲ့ခါးသီးတဲ့အမှန်တရားတွေကို နားလည်လာပါတယ်။ သူနဲ့သူ့ညီမလေးရဲ့နောင်ရေးအတွက် ဒီကနေ ရုန်းထွက်မှဖြစ်တယ်ဆိုတာ သဘောပေါက်သွားတဲ့နောက်ဖြတ်လမ်းက ဝင်ငွေရှာဖို့ကြိုးစားရင်း သူ့ဒိုင်ဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင်ဆီမှာ အကြွေး ဒေါ်လာသောင်းချီတင်သွားပြီးသူ့ကို အဲ့ဒီငွေပြန်ဆပ်ဖို့ရက်ပိုင်းပဲ အချိန်ပေးခဲ့ပါတယ်။ နည်းပေါင်းစုံနဲ့ကြိုးစားရှာဖွေခဲ့ပေမယ့် ငွေမပြည့်မှီတဲ့နောက်မှာတော့ဂိုဏ်းက သူ့ညီမလေးကို ဓားစာခံဖမ်းခေါ်သွားတဲ့ အချိန်မှာ ဘိုတစ်ယောက် သူတတ်ကျွမ်းတဲ့ မျက်လှည့်ပညာကိုသုံးပြီးလက်နက်အင်အား လူအင်အားအဘက်ဘက်ကသာတဲ့ ဂန်းစတားတွေကို ပြန်စိန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ Sleight ဟာ ဒီလို အမျိုးအစားဇာတ်ကားတွေထဲကမှ စိတ်ကူးကောင်းကောင်းနဲ့ဖောက်ထွက်ဖန်တီးပြထားတဲ့ဇာတ်ကားတစ်ကားပါ။ ဘတ်ဂျတ်ကြီး ဇာတ်ကားတွေနဲ့အပြိုင်ရုံတင်တဲ့ကြားက BO မှာ နံပါတ် ၁၄ ထိရောက်ခဲ့သလိုဝေဖန်ရေးဆရာအများစု နှစ်သက်လက်ခံခဲ့ကြပါတယ်။ File size… (620 MB) / (480 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action<drama,Science Fiction,Thriller Duration…. 01:29:27 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း