ဇာတ်ကားများ ရွေးရန်

Zombies Become Generals 2

2026ဇာတ်ကားအမှတ် 5.1/1085 မိနစ်

ချင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ သတင်းထောက်မလေးသိုက်ရွှယ်က မိန်းမငယ်လေးတွေကိုလူကုန်ကူးတဲ့အမှုကိုဖော်ထုတ်ရင်း အောက်လမ်းဆရာတစ်ယောက်က ဖုတ်ကောင်တွေကိုအသုံးချပြီး မိန်းကလေးတွေကိုလူကုန်ကူးတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုရဲ့နောက်ကွယ်မှာ မထင်ထားတဲ့ကြီးမားတဲ့နောက်ကွယ်ကလက်မဲကြီးတစ်ခုရှိနေပါတယ်။ ဒီလူကုန်ကူးမှုကိုကြိုးကိုင်နေတာ မင်မင်းဆက်အနွယ်တော်မင်းသမီးတစ်ပါးဖြစ်နေပါတယ်။ သူကလူကုန်ကူးရာကနေရလာတဲ့ငွေတွေနဲ့ မင်မင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ကြံစည်နေတာပဲဖြစ်ပါတယ်။ စစ်သူကြီးလီဟားပုကို အသုံးချဖို့အတွက်ဖုတ်ကောင်အဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ မင်းသမီးက သူ့ရဲ့အကြံအစည်တွေပေါ်သွားတဲ့အချိန်မှာတော့ အနောက်တိုင်းသွေးစုပ်ဖုတ်ကောင်ကိုပါ စေလွှတ်ပြီးတော့ တိုက်ခိုက်ခိုင်းပါတော့တယ်။ စိုးရိမ်ရတဲ့ အန္တရာယ်အခြေအနေတွေရောက်လာတဲ့အခါ ဆရာတူအစ်ကိုရှီကန်တန်းရောက်လာပြီး အားလုံးပူးပေါင်းပြီးတော့ မင်မင်းဆက်မင်းသမီးနဲ့ အနောက်တိုင်းသွေးစုပ်ဖုတ်ကောင်ကိုအပြစ်ပြတ်ချေမှုန်းဖို့ကြိုးစားပါတော့တယ် Filesize : 1.13 GB / 639 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller , Horror Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း