The Bachelorette Party
"The Bachelorette party" ဇာတ်လမ်းဟာ မကြာခင် မင်္ဂလာဆောင်တော့မယ့် သတိုသမီးလောင်းလေးနဲ့ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်စုတို စုပေါင်းပြီး ဘဝမှာ မမေ့နိုင်စရာ အမှတ်တရဖြစ်ကျန်ခဲ့မယ့် "The Bachelorette Party" ( အပျိုဖော်ဝင် ပါတီ) တစ်ခုကို ခမ်းနားကြီးကျယ်စွာ ဆင်နွှဖို ပြင်ဆင်ရာကနေ စတင်ထားပါတယ်။ ပါတီစတင်ချိန်မှာတော့ ပျော်ပျော်ပါးပါးသောက်စားပြီး သီချင်းဆို ပျော်ရွှင်စရာ ကောင်းနေခဲ့ပါတယ် ဒါပေမယ့် ညသန်းခေါင် အချိန်ကို ရောက်လာတဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက် ရုတ်တရက် ရောက်ရှိလာပြီးသူတိုရဲ့ ပျော်စရာပါတီတစ်ခုဟာပျက်စီးပြီး ကြောက်စရာ အိမ်မက်ဆိုးကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ သူငယ်ချင်းတစ်စုမှာတစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာ မတူဘဲ ထက်မြက်တဲ့သူ၊ ကြောက်တတ်သူ၊ အမှားအယွင်းမခံတတ်သူ ဆိုပြီးကွဲပြားတဲ့ ပင်ကိုယ်စရိုက်တွေ ရှိကြပါတယ် ဒီလိုနဲ့မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်ကြောင့် ဗီလာကြီးအတွင်း ပိတ်မိသွားတဲ့အခါ သူတိုရဲ့ လျှိဝှက်ချက်တွေ၊ ကတိကဝတ်တွေနဲ့ ပင်ကိုယ်စရိုက်တွေကိုစမ်းသပ်ခံရပါတော့တယ် အလွဲအချော်တွေကြားထဲကနေ သွေးပျက်စရာနဲ့ သည်းထိတ်ရင်ဖို ပဟေဠိတွေကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ "သစ္စာဖောက်က ဘယ်သူလဲ"၊ "သူတိုတွေ ဒီအန္တရာယ်ကနေ တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား" ဆိုတဲ့ သိလိုစိတ်ကို အစအဆုံး ဆွဲခေါ်သွားပါလိမ့်မယ်
ဇာတ်လမ်းအကြောင်း