ဇာတ်ကားများ ရွေးရန်

Midnight Whisper 2

2026ဇာတ်ကားအမှတ် 5.2/10

ဇာတ်ကားလေးကတော့ နာမည်အတိုင်းနည်းနည်းကျောချမ်းစရာကောင်းတဲ့ သရဲကားလေးပဲဖြစ်ပါတယ် ။ သရဲကားဆိုပေမဲ့ ကြောက်တတ်သူများမကြည့်ရဆိုတဲ့ သရဲကားမျိုးတော့မဟုတ်ပါဘူး ။ သည်းထိပ်ရင်ဖိုဆိုတာထက် စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ရသမြောက်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ - မိဘမဲ့ရွာလို့အမည်တွင်တဲ့ရွာလေးမှာ လူငယ်လေးသုံးယောက်ညတွင်းချင်းပျောက်သွားကြပါတယ် ။ အဲဒီနောက်ပိုင်းရွာသားတွေကလည်း ထီးအနီနဲ့ကဗျာတစ်ပုဒ်နဲ့သရဲမတစ်ယောက်တွေ့တယ်ဆိုပြီး သရဲခြောက်တယ်သရဲခြောက်တယ်နဲ့ တစ်ရွာလုံးထိပ်လန့်လာပါတော့တယ် ။ အဲဒီလိုနဲ့ တစ်ရွာလုံးကလည်းသရဲမခြောက်အောင် အိမ်လေးတွေ သစ်ပင်တွေမှာအရုပ်လေးတွေချိတ်ပြီးဆုတောင်းကြပါတော့တယ်။ ဒါပေမဲ့လည်းသရဲက ဆက်ခြောက်နေတုန်းမလို့ တစ်ရွာလုံးလည်းပြောင်းရွှေ့နေထိုင်ရင်း ရွာပျက်ကြီးအဖြစ်ကျန်ခဲ့ပါတော့တယ် ။15နှစ်ကြာပြီးတဲ့နောက် လျိုစူးနဲ့သူငယ်ချင်းတစ်စုဟာ မှတ်တမ်းတင် vd ရိုက်ဖို့အဲဒီရွာပျက်ကြီးကိုသွားကြဖို့လုပ်ရာကနေ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ် Filesize : 882 MB / 509 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller , Mystery Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း