ဇာတ်ကားများ ရွေးရန်

WWII: The Long Road Home

2019ဇာတ်ကားအမှတ် 5.0/1090 မိနစ်

ဒုတိယကမ္ဘာစစ်အတွင်း အဘိုးဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အတွေ့အကြုံကို ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်က ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းပါ။ ချာလီတို့တပ်ဖွဲ့ဟာ ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ်အကြောင်း စုံစမ်းဖို့ ဂျာမနီနိုင်ငံဆီ သွားရမယ်ဆိုတဲ့ အမိန့်ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ခရီးလမ်းတစ်ဝက်မှာပဲ အဖမ်းခံလိုက်ရပြီး ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်မယ့်အချိန်ကို စောင့်နေကြရတယ်။ ချာလီကတော့ ရန်သူ့နယ်မြေထဲမှာ ဆက်စောင့်နေမယ်ဆိုရင် အန္တရာယ်ပိုများလာမယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် မဟာမိတ်တွေရှိတဲ့ နယ်မြေဆီ ရောက်အောင် တစ်ယောက်တည်း ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီကနေ သူ့ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း