The Great Man
ကရစ်ရှနာဟာ ရွာလေးတစ်ရွာမှာ သုံးဘီးမောင်းပြီး အသက်မွေးဝမ်းကျောင်းနေသူပါ။ သူ့မှာ သာယာတဲ့မိသားစုဘဝတစ်ခု တည်ထောင်ပြီး ကိုယ့်စိတ်ကြိုက် ဆောက်ထားတဲ့ အိမ်လေးထဲမှာ နေချင်တဲ့ အိပ်မက်ရှိပါတယ်။ သဘောကျတဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး မိသားစုဘဝကို စတင်လိုက်တဲ့အခါမှာတော့ အရင်ထက် အလုပ်ပိုကြိုးစားဖို့ လိုလာတယ်။ ဒါနဲ့ သုံးဘီးမောင်းရင်း တစ်ဖက်ကနေ ပွဲစားအလုပ်ကိုပါ တွဲလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် ယုံကြည်လို့ရမယ်လို့ ထင်ထားသူတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် သူ့ဘဝက မထင်မှတ်ဘဲ ပြောင်းလဲသွားတယ်။ အေးအေးချမ်းချမ်း နေခဲ့တဲ့ မိသားစုလေးလည်း နေ့ချင်းညချင်း အခက်အခဲတွေကြား ရောက်သွားရပါတယ်။ ကရစ်ရှနာက ဒီပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ဖြေရှင်းရတဲ့အချိန်မှာ မိသားစုက သူ့ဘက်မှာ ရပ်တည်ပေးမှာလား၊ သူ့ကို သစ္စာဖောက်ခဲ့သူကရော ဘယ်သူလဲဆိုတာ ဆက်ကြည့်ရမှာပါ။ ဗီဂျေးစည်သူပသီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း