ဇာတ်ကားများ ရွေးရန်

Primavera

2025ဇာတ်ကားအမှတ် 6.9/10111 မိနစ်

Primavera (2025) IMDb Rating (7.1) ၁၈ ရာစု ဗင်းနစ်မြို့ ရဲ့ လှပတဲ့ မြင်ကွင်းတွေနဲ့ ဂန္ထဝင်ဂီတပညာရှင် Vivaldi ရဲ့ တေးသွားတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ Musical / Period Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အဲ့ဘက်ကခေတ်က မိဘမဲ့ဂေဟာတွေကအမျိုးသမီးငယ်တွေရဲ့ ဖိနှိပ်ခံဘဝတွေကြားထဲက ရုန်းထွက်ခဲ့တဲ့ ဂီတပညာသည်တစ်ယောက်ရဲ့အကြောင်းပါ။ ဇာတ်လမ်းကတော့ မိဘမဲ့ဂေဟာတစ်ခုမှာ နေထိုင်ရတဲ့ ပါရမီရှင် တယောပညာရှင်မလေး Cecilia အကြောင်းပါ။ သူမဟာ ဂေဟာရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြားမှာ ပိတ်လှောင်ခံထားရပြီး သူမရဲ့ဘဝဟာ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ပျင်းစရာကောင်းအောင် ကုန်ဆုံးရတော့မယ့် အခြေအနေပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ နာမည်ကျော် ဂီတပညာရှင် Antonio Vivaldi နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး သူဟာ Cecilia ရဲ့ ဆရာဖြစ်လာပါတယ်။ Vivaldi ရဲ့ သင်ကြားမှုနဲ့ သူဖန်တီးတဲ့ "The Four Seasons" လိုမျိုး အံ့မခန်း ဂီတတေးသွားတွေကတစ်ဆင့် Cecilia ဟာ သူမရဲ့ ဝါသနာကို အကောင်အထည်ဖော်ဖို့နဲ့ ဒီချုပ်နှောင်မှုတွေကြားကနေ လွတ်မြောက်ဖို့ သတ္တိတွေကို ရရှိလာပါတော့တယ်။ ဇာတ်ကားဟာ ဂီတကတစ်ဆင့် လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ဘယ်လိုမျိုး နိုးထစေသလဲဆိုတာကို လှပစွာ ရိုက်ပြထားပြီး ကမ္ဘာကျော်တေးရေးဆရာ Vivaldi ရဲ့ ဂီတသံစဉ်တွေကို ဇာတ်ကားတစ်လျှောက်လုံး အားရပါးရ နားဆင်ရမှာဖြစ်လို့ ဂန္ထဝင်ဂီတ ဝါသနာအိုးတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ File size… (1.5 GB) / (940 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History,Music Duration…. 01:47:28 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း