ဇာတ်ကားများ ရွေးရန်

Shanghai Knight

2022ဇာတ်ကားအမှတ် 1.0/1088 မိနစ်

တရုတ်ပြည်မှာ နိုင်ငံခြားသားတွေ ကြီးစိုးနေတဲ့ ကိုလိုနီခေတ်ကာလကို နောက်ခံထားပါတယ်။ ရှန်ဟိုင်းမြို့ Bund အရပ်က ဂျင်ဂွမ်ယုံဆိုတဲ့ သူဌေးဟာ ဆိပ်ကမ်းခုနစ်ခုကို ပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းနဲ့ စီးပွားရှာနေသူပါ။ သူ့ရဲ့စီးပွားပြိုင်ဘက်ကတော့ ဂျပန်နိုင်ငံကလာတဲ့ သွင်းကုန်လုပ်ငန်းရှင် အုချီယမ ဖြစ်ပါတယ်။ နှစ်ယောက်ကြားမှာ ရန်ပွဲတွေနဲ့ ပဋိပက္ခတွေ မကြာခဏ ဖြစ်လေ့ရှိတယ်။ ဒီလိုမတည့်ကြတဲ့ သူဌေးနှစ်ယောက်ဟာ မြင်းပွဲကိုတော့ နှစ်နှစ်ခြိုက်ခြိုက် ဝါသနာပါကြပါတယ်။ နောက်ဆုံးမှာ နှစ်ရှည်လများ ပြိုင်ဆိုင်လာခဲ့တာကို အဆုံးသတ်ဖို့ မြင်းပွဲတစ်ပွဲမှာ စည်းစိမ်အကုန် လောင်းကြေးထပ်ဖို့ သဘောတူလိုက်ကြတယ်။ စည်းစိမ်နဲ့ ဂုဏ်သိက္ခာကိုပါ ရင်းထားရတဲ့ပွဲဆိုတော့ ကိုယ့်မြင်းကို အကောင်းဆုံး စီးပေးနိုင်မယ့် ဂျော်ကီတစ်ယောက် လိုလာပါတယ်။ သူတို့နှစ်ယောက်စလုံး မျက်စိကျလာသူက ဆိပ်ကမ်းအလုပ်သမား မာယွန်ဖေးပါ။ သူဟာ ရိုးသားဖြောင့်မတ်ပြီး အလုပ်သမားတွေ နစ်နာဆုံးရှုံးရတာတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးရဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်တွေ့ ဖြေရှင်းပေးတတ်သူ ဖြစ်ပါတယ်။ မြင်းစီးပညာလည်း ထူးချွန်တာကြောင့် ပြိုင်ဘက်နှစ်ယောက်လုံးက သူ့ကို ကိုယ့်ဘက်ကနေ စီးပေးစေချင်နေကြတာပါ။ မာယွန်ဖေးက ဘယ်သူ့ဘက်မှာ ရပ်တည်မလဲ၊ အရာအားလုံး ရင်းထားတဲ့ ဒီမြင်းပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တစ်ဖက်ကိုတစ်ဖက် အကွက်ဆင်ဖို့ ကြံနေကြတဲ့ သူဌေးနှစ်ယောက်ကြားမှာ ဘယ်လိုလှည့်ကွက်တွေနဲ့ သစ္စာဖောက်မှုတွေ ရှိလာဦးမလဲ။

ဇာတ်လမ်းအကြောင်း