ဇာတ်ကားများ ရွေးရန်

Betty Blue

1986ဇာတ်ကားအမှတ် 7.2/10120 မိနစ်

နေသာတဲ့နေ့တစ်နေ့မှာ ဘက်တီဆိုတဲ့ အမျိုးသမီးလေးက Zorg ဆီ ရောက်လာခဲ့ပါတယ်။ ဘက်တီဟာ မတရားဘူးလို့ ခံစားရတာကို ငြိမ်ခံမနေတတ်ဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်သူပါ။ သူ့ကို ချစ်မိတဲ့ Zorg ကလည်း သူ့အတွက် အရာရာ လုပ်ပေးချင်နေသူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် အတူရှိနေတဲ့အကြောင်း Zorg ရဲ့အလုပ်ရှင် သိသွားတော့ သူနေတဲ့တဲကို ရောက်လာတယ်။ ဘက်တီ့ကို နှင်မထုတ်စေချင်ရင် ဘန်ဂလိုငါးရာကို အခမဲ့ ဆေးသုတ်ပေးရမယ်လို့ ခိုင်းလိုက်ပါတယ်။ အလုပ်ရှင်ရဲ့ ခိုင်းစေမှုကို Zorg က ငြိမ်ခံနေပေမယ့် ဘက်တီကတော့ လက်မခံနိုင်ဘူး။ အဲဒီကနေ ထိပ်တိုက်တွေ့ပြီး ရန်ဖြစ်ကြရပါတယ်။ ပစ္စည်းတွေ ပစ်ပေါက်နေကြရင်း ဘက်တီဟာ Zorg ရေးထားတဲ့ လက်ရေးမူဝတ္ထုတစ်ပုဒ်ကို မတော်တဆ တွေ့သွားတယ်။ အဲဒီနောက် သူ့ကို စာရေးဆရာဖြစ်စေချင်တဲ့ စိတ်ဆန္ဒနဲ့ အားထုတ်လာပါတော့တယ်။ ဘက်တီရဲ့ စိတ်အားထက်သန်မှု၊ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ ဘဝအလှည့်အပြောင်းတွေကြားမှာ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်ပြထားပါတယ်။ လိင်အင်္ဂါတွေကို အထင်အရှား ဖော်ပြထားတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်ပါဘူး။

ဇာတ်လမ်းအကြောင်း