The World of Love
The World of Love (2025) IMDb Rating (7.8) ဒီတစ်ခေါက်မှာတော့ ကြည့်ရှုသူတွေ၊ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေကို အများအပြား ရရှိခဲ့ပြီး နောက်လမှာ ကျင်းပမဲ့ Baeksang Arts Awards လို ဂုဏ်သိက္ခာအရှိဆုံး ဆုပေးပွဲကြီးမှာ Best Film, Best Director, Best Screenplay, Best New Actress, Best Supporting Actress စတဲ့ ဆုကြီး ၅ ဆုတောင် nominee ဝင်ထားတဲ့ Indie ရုပ်ရှင်သစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေအနေနဲ့ မင်းသမီးသစ်လေး Seo Su-Bin, Parasite ထဲက မင်းသမီးကြီး Jang Hye-Jin နဲ့ Youth of May ထဲက မင်းသမီး Go Min-Si တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - အသက် ၁၈ နှစ်အရွယ် အီဂျူအင်း (Seo Su-Bin) ဟာ အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး တစ်ကျောင်းလုံးက ဝိုင်းချစ်ကြတဲ့ စံပြကျောင်းသူလေးပါ။ တစ်နေ့မှာတော့ သူ့ရဲ့အတန်းဖော် ဂျန်ဆူဟိုက လိင်အကြမ်းဖက်မှု တရားခံတစ်ဦး ပြန်လည်လွတ်မြောက်လာမှာကို ကန့်ကွက်လက်မှတ်ရေးထိုးဖို့ ဦးဆောင်ကမ်းလှမ်းလာတဲ့အခါမှာ တစ်ကျောင်းလုံးက တက်ညီလက်ညီ ပါဝင်ကြပေမဲ့ ဂျူအင်းတစ်ယောက်တည်းကပဲ လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဂျူအင်းနဲ့ ဆူဟိုတို့ အကြီးအကျယ် စကားများကြရာကနေ စိတ်မထိန်းနိုင်တော့တဲ့ ဂျူအင်းက "ငါကလည်း လိင်အကြမ်းဖက်မှုရဲ့ နစ်နာသူပဲ" ဆိုပြီး စသလိုလို နောက်သလိုလိုနဲ့ ထုတ်ပြောလိုက်ပါတော့တယ်။ ဒါပေမဲ့ ဂျူအင်းက တကယ်တမ်းလည်း ဆွေမျိုးတော်စပ်သူရဲ့ လိင်အကြမ်းဖက်မှုကို ခံခဲ့ရတဲ့ နစ်နာသူတစ်ယောက်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ အဲဒီနောက်မှာတော့ "အာရုံစိုက်ခံချင်နေတာလား" ဆိုပြီး မေးခွန်းထုတ်ထားတဲ့ အမည်မသိစာတိုတွေ ဂျူအင်းဆီ စတင် ရောက်ရှိလာတဲ့အခါမှာတော့... ပတ်ဝန်းကျင်ရဲ့ အကြည့်ကြောင့် ယိမ်းယိုင်မသွားဘဲ မိမိရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ကြိုးစားကာကွယ်နေတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးရဲ့ ခွန်အားဖြစ်ဖွယ် ဇာတ်ကားလေးမို့လို့ မဖြစ်မနေ ကြည့်ရှုကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။ File Size : 1.96GB/ 880MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 59m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း