ဇာတ်ကားများ ရွေးရန်

The Merciless

2017ဇာတ်ကားအမှတ် 7.2/10120 မိနစ်

The Merciless (2017) ဒီတစ်ခါမှာတော့ ရေထွက်ကုန် တင်ပို့ရေးလုပ်ငန်းကို ဗန်းပြကာ မူးယစ်ဆေးဝါး အကြီးအကျယ် တင်ပို့ရောင်းချနေတဲ့ လုပ်ငန်းစုကို ဖမ်းဆီးဖို့အတွက် နှစ်ကာလကြာရှည် အသွင်ယူစုံစမ်းနေတဲ့ ရဲတွေနဲ့ လုပ်ငန်းစုခေါင်းဆောင်ကြားက အားပြိုင်မှုကို ရိုက်ပြထားတဲ့ Action, Crime ဇာတ်လမ်းတွဲအမျိုးအစားလေးဖြစ်တဲ့ The Merciless (2017) နဲ့ မိတ်ဆက်ပေးချင်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Sul Kyung Gu, ZE:A အဖွဲ့ဝင် အဆိုတော်မင်းသား Im SiWan, မင်းသားကြီး Kim Hee Won, မင်းသမီး Jeon Hye Jin, မင်းသားကြီး Lee Kyung Young, မင်းသား Jang In Sub တို့နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း မူးယစ်ဆေးဝါး တင်ပို့ရောင်းချတဲ့ ဂိုဏ်းတစ်ခုရဲ့ ဒါရိုက်တာဖြစ်တဲ့ ဟန်ဂျယ်ဟို (Sul Kyung Gu) ဟာ ထောင်သားတွေကြားထဲ စီးကရက်ဖြန့်ဝေရေးကို လုပ်ကိုင်ပြီး ထောင်တွင်း စည်းကမ်းတွေကို ရေးဆွဲတဲ့ အာဏာအရှိဆုံး ထောင်သားတစ်ယောက်ဖြစ်တဲ့အပြင် ထောင်ကနေ လွတ်လာတာနဲ့ သူရဲ့ ဂိုဏ်းထဲက နံပါတ် ၁ နေရာကို ရယူနိုင်ဖို့ မျှော်မှန်းထားသူလည်း ဖြစ်ပါတယ်... တစ်နေ့ ဟန်ဂျယ်ဟိုတို့ဂိုဏ်းကို ဖမ်းဆီးဖို့အတွက် ရဲတွေဘက်ကနေ အဖွဲ့မှူးချွန်း (Kim Hee Won) ဦးဆောင်ပြီး ၃ နှစ်ကြာ အသွင်ယူစုံစမ်းမှုတစ်ခုကို လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ် ။ ဒီလိုနဲ့ ရဲဘက်က ဖြစ်တဲ့ ဂျိုဟျွန်းဆူ (Im Si Wan)ဟာ ထောင်သားအဖြစ် အသွင်ယူစုံစမ်းတဲ့အခါမှာတော့ ... ဂျိုဟျွန်းဆူရဲ့ ထောင်သားဘဝကရော ဘယ်လိုမျိုးများ ဖြစ်မလဲ .. ဟန်ဂျယ်ဟိုတို့ ဂိုဏ်းကိုရော ဖမ်းမိနိုင်ပါ့မလားဆိုတာကို The Merciless (2017) ဆိုတဲ့ Action ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင် .. File size…1.78GB / 874MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Crime, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း