ဇာတ်ကားများ ရွေးရန်

May 18

2007ဇာတ်ကားအမှတ် 7.8/10118 မိနစ်

May 18 (2007) ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ Cast တွေအနေနဲ့ကတော့ ဆုပေါင်းများစွာရရှိထားတဲ့ မင်းသားကြီးဖြစ်တဲ့ Ahn Sung-Ki ၊ "What Happens to My Family?" မှ Kim Sang-Kyung ၊ "The Great Queen Seondeok" မှ Lee Yo-Won တို့အပြင် နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မင်းသားချော Lee Joon-Gi စတဲ့ သရုပ်ဆောင်များ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းကတော့ ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ ကြိုးစားခဲ့တဲ့ အကြောင်းလေးပါ .. အေးချမ်းနေတဲ့မြို့လေးမှာ ရုတ်တရက်ဆိုသလို အချက်ပေးသြဥသံတွေ , မျက်ရည်ယိုဗုံးတွေ, အကြမ်းဖက်မှုတွေနဲ့ အတူ လမ်းမပေါ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေပြီး သမိုင်းတွင်တဲ့ ဂွမ်ဂျူရဲ့ အရေးအခင်း စတင်လာခဲ့ပါတယ် .. သူပုန်တွေကို တိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ် .. Min Woo (Kim Sang-Kyung)ရဲ့တစ်ဦးတည်းသော ညီလေး Jin Woo (Lee Joon-Gi) တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတယ် .. ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်မှာတော့ ... ဘယ်လို ကြေကွဲ ရင်နင့်စရာဖြစ်ရပ်တွေ ဖြစ်သွားမလဲ .. ဂွမ်ဂျူမြို့သူမြို့သားတွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်ကားကောင်းလေးမှာ တစ်ရှူးဆောင်ရင်း ကြည့်ရှုခံစားလိုက်ပါဦးနော် .. File size…1.82GB / 862MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 58 min. Genre ….. Action , Military , Historical ,Life Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း