Alice in Wonderland –Dive in Wonderland–
Dive in Wonderland (2025) IMDB - 6.2/10, MyAnimeList - 6.7/10 ကမ္ဘာကျော် နာမည်ကျော် ဇာတ်လမ်းဖြစ်တဲ့ Alice in Wonderland ကိုပဲ ကျောရိုးယူပြီး ပြန်လည်ဆန်းသစ်ထားတဲ့ Anime ရုပ်ရှင်အသစ်လေး ဖြစ်ပါတယ်။ Lise ဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးက အထီးကျန်မှု စိတ်ဖိစီးမှုတွေကို ခံစားပြီး ဘဝလမ်းပျောက်ဆုံးနေသလို ဖြစ်နေတဲ့ ကောင်မလေးပေါ့။ တစ်ရက်မှာတော့ ဆုံးပါးသွားပြီဖြစ်တဲ့ အဘွားဆီကနေ ထူးခြားတဲ့ဖိတ်ကြားချက်လေးအရ ရောက်သွားတဲ့အခါ သူ့အဘွားက Alice in Wonderland ထဲက စိတ်ကူးယဉ်ကမ္ဘာလေးကို ဖန်တီးထားတာကို သိလိုက်ရပြီး ပထမဆုံးအနေနဲ့ စမ်းသပ်ခံရမယ့်လူ ဖြစ်လာပါတော့တယ်။ ဒီမှာတင် Simulation ကမ္ဘာဖြစ်တဲ့ Wonderland ကို ဝင်ရောက်ဖို့ စီစဉ်နေတုန်း သူ့ဖုန်းကို ယုန်ဖြူဆရာသမားလေးက ယူပြီးပြေးသွားတဲ့အတွက် နောက်ကနေလိုက်ဖမ်းရင်း တွင်းထဲကို ပြုတ်ကျသွားပြီး Alice နဲ့လည်းတွေ့ဆုံကာ နှစ်ယောက်သား စွန့်စားခန်းတွေထွက်ဖို့ ဖြစ်လာပြီး Lise အနေနဲ့ ဘဝမှာပျောက်ဆုံးနေတာတွေကို ဒီနေရာမှာ ဘယ်လိုပြန်ရှာသွားမလဲဆိုတာကို ကြည့်ရမှာပါ။ Alice in Wonderland ဇာတ်ကောင်တွေဖြစ်တဲ့ ဟက်ခ်ဘုရင်မကြီးတို့ ကက်ရှိုင်းယားကြောင်ကြီးတို့ အရူးဉီးထုပ်ကြီးတို့ ပိုးတုံးလုံးတို့ အကုန် အစုံအလင်ကို တစ်နည်းတစ်ဖုံနဲ့ ပြန်မြင်ပြန်တွေ့ ခံစားနိုင်ဉီးမှာလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း