ဇာတ်ကားများ ရွေးရန်

Yin Yang Mirror

2026ဇာတ်ကားအမှတ် 5.5/10

နန်းတွင်းအမှုအခင်းကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် ဇာတ်ကားကောင်းလေးလာပါပြီ ။ ဇာတ်ကားလေးထဲကကာရိုက်တာကအားလုံးလည်း ရင်းနှီးပြီးသားဖြစ်တဲ့ လူကြီးမင်းပေါင် ပေါင်ကျိန့် ၊ ကုန်းစွန်းချဲ့နဲ့ကျန်းကျောင်းတို့ပဲဖြစ်ပါတယ် ။ ဒါပေမဲ့ သူတို့ငယ်ဘဝတုန်းကပုံစံတွေနဲ့တစ်မျိုးဆန်းပြီးတွေ့ရမှာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးကတော့ - ယင်ယန်မှန်ဆိုတာ ကြည့်လိုက်မိတာနဲ့အမှန်တိုင်းမပြောရင်သေတတ်တယ်ဆိုတဲ့ဒဏ္ဍာရီတွေနဲ့ပြည့်နေတဲ့ မှော်လက်နတ်တစ်မျိုးဖြစ်ပါတယ် တစ်နေ့မှာ အဲဒီမှန်ကို ယွဲ့လျန့်ဆိုတဲ့ကောင်မလေးက ပေါင်ကျိန့်တို့ရှိနေတဲ့ကျောင်းတော်မှာလာခိုးပါလေတော့တယ် ကောင်မလေးကိုရုံးတော်ကိုဖမ်းခေါ်သွားတဲ့အခါ ကောင်မလေးနဲ့အတူပါလာတဲ့မောင်လေး ကျန်ကျောင်းကို ပေါင်ကျိန့်နဲ့ကုန်းစွန်းချဲ့ကခေါ်ထားလိုက်ပါတော့တယ် ။ ရုံးတော်အရာရှိကလည်း ပေါင်ကျိန့်ရဲ့ဦးလေးဖြစ်နေတော့ ပေါငါကျိန့်က ကျန်ကျောင်းအကြောင်းပြောပြဖို့ ယွဲ့လျန်ကိုသွားတွေ့ရင်း ယွဲ့လျန်တို့မိသားစုရဲ့ အဖြစ်ဆိုးကြီးအကြောင်းကြားသိလာခဲ့ရပါတော့တယ် တရားမျှတမှုကိုပဲလိုလားပြီး မတရားတာဆိုကြည့်မနေနိုင်တဲ့ ပြည်သူ့တရားရှင်ဖြစ်လာမဲ့ပေါင်ကျိန့်ဟာ အရာရှိမဖြစ်ခင်ကတည်းကတရားမျှတရမှု့ရအောင် ဆောင်ကြဉ်းပေးဖို့လုပ်ပါတော့တယ် ။ ကဲ ယွဲ့လျန်တို့မောင်နှမတကယ်ပဲ ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံခဲ့ရလဲ ။ ပေါင်ကျိန်နဲ့ကုန်းစွန်းချဲ့တို့သူမကိုဘယ်လိုကူညီပေးကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲစိတ်ဝင်စားစွာ ကြည့်ရှုလိုက်ပါအုံးနော် Filesize : 1.28 GB / 697 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း