ဇာတ်ကားများ ရွေးရန်

The King's Warden

2026ဇာတ်ကားအမှတ် 7.0/10117 မိနစ်

The King's Warden (2026) IMDb Rating (7.0) လက်ရှိ ကြည့်ရှုသူ 16.7 သန်းကျော် ရုံဝင်ထားပြီး ကိုးရီးယားရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ ရုံဝင်သူအများဆုံး နံပါတ် ၂ နဲ့ ဝင်ငွေအများဆုံး နံပါတ် ၁ အဖြစ် စာရင်းချိတ်ထားတဲ့ ရုံတင် နန်းတွင်းရုပ်ရှင်ကားသစ်ကြီး ထွက်ရှိလာပြီဖြစ်ပါတယ်။ Weak Hero Class ထဲက မင်းသား Park Ji-Hoon၊ Exhuma ထဲက မင်းသားကြီး Yoo Hae-Jin တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဂျိုဆွန်းခေတ်ရဲ့ ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံး သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ အသက်ငယ်ငယ် ဘုရင်လေး ဒန်ဂျုံး နန်းချခံရပြီးနောက် နယ်နှင်ဒဏ်ပေးခံရတဲ့အကြောင်းကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ယောင်ဝေါဒေသက ဂွမ်ချွန်းတောင်ကြားဆိုတဲ့ တောင်ပေါ်ရွာလေးရဲ့ ရွာသူကြီး အောမ်ဟွန်းဒို (Yoo Hae-Jin) ကတော့ သူ့ရဲ့ ရွာသူရွာသားတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် နယ်နှင်ဒဏ်ပေးခံရတဲ့ မျိုးရိုးမြင့်လူကြီးမင်းတစ်ဦးကို လက်ခံခေါ်ဆောင်လာနိုင်ဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာ ဦးရီးတော် ဆူယန်းမင်းသားကြီးရဲ့ ထီးနန်းလုယူခြင်းကို ခံလိုက်ရတဲ့ ဘုရင်ငယ်လေး အီဟုန်းဝီ (Park Ji-Hoon) က နယ်နှင်ဒဏ်ပေးခံရပြီး ဟွန်းဒိုတို့ရဲ့ ရွာ‌လေးဆီ ရောက်ရှိလာတဲ့အခါမှာတော့... ဘဝကို လက်လျှော့ထားတဲ့ နန်းကျဘုရင်ငယ်လေးနဲ့ သူ့ကို စောင့်ကြပ်ကြည့်ရှုရတဲ့ ကွပ်ကဲရေးမှူးတို့ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ သစ္စာတရားတို့ကို ရင်နင့်ဖွယ်ကောင်းအောင် ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ တစ်ရှူးလေးတော့ ကြိုတင်ဆောင်ပြီးမှ ကြည့်ရှုဖို့ မမေ့ကြပါနဲ့နော်။ File Size : 1.73GB/ 860MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 58m Genre : Historical, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း