Super Miss! Saves The Jungle
Super Miss Saves The Jungle (2026) ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ "Super Miss Saves The Jungle" (စူပါဆရာမလေးရဲ့ တောတွင်းစွန့်စားခန်း) ဇာတ်ကားက နယ်သာလန်က နာမည်ကြီး "Superjuffie" စာအုပ်စီးရီးကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒုတိယမြောက် Family/Fantasy ဇာတ်ကားလေးပါ။ ပုံမှန်အတိုင်းဆိုရင် Juf Josje က သာမန်ဆရာမလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ တိရစ္ဆာန်လေးတွေ အန္တရာယ်ဖြစ်နေပြီဆိုတာနဲ့ သူက အလိုအလျောက် သိနေပြီး "Superjuffie" အဖြစ် ပြောင်းလဲသွားရင်း ပျံသန်းနိုင်တဲ့ စူပါပါဝါတွေလည်း ရလာတာပါ။ ဇာတ်လမ်းစတာကတော့ တစ်ရက်မှာ သူ့ဆီကို Hyacintha လို့ခေါ်တဲ့ ကြက်တူရွေးလေးတစ်ကောင် ပျံလာပြီး အကူအညီတောင်းရာကနေ စတာပါပဲ။ တောနက်ထဲက တိရစ္ဆာန်လေးတွေမှာ အခက်အခဲတွေ တွေ့နေရတယ်လို့ သတင်းပါလာတာပါ။ အကြောင်းရင်းကတော့ Eduardo လို့ခေါ်တဲ့ လူယုတ်မာ စီးပွားရေးသမားကြီးက တောထဲမှာ အားလပ်ရက် အပန်းဖြေစခန်းတွေဆောက်ဖို့ ကြိုးစားနေလို့ပါ။ ဒါကြောင့် တိရစ္ဆာန်လေးတွေခမျာ နေစရာအိမ်တွေ ဆုံးရှုံးရသလို တချို့ဆို အဖမ်းခံရတာမျိုးတွေအထိ ဖြစ်နေတာပေါ့။ ဒီတစ်ခါမှာ ဆရာမလေးဂျိုစီက ကမ္ဘာ့တစ်ဖက်ခြမ်းမှာရှိတဲ့ တောနက်ထဲအထိ သွားပြီး ကယ်တင်ရမှာပါ။ ဒါပေမဲ့ သူကိုယ်တိုင်မှာလည်း စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ "ငါ့ရဲ့ စူပါပါဝါတွေက ဒီလောက်ဝေးတဲ့နေရာအထိ အလုပ်လုပ်ပါ့မလား" ဆိုပြီးတော့ပေါ့။ ဒါကြောင့် တိရစ္ဆာန်လေးတွေကို ကယ်တင်ဖို့ ကြိုးစားရင်း တစ်ဖက်မှာလည်း သူ့ရဲ့ စူပါပါဝါတွေ နောက်ကွယ်က လျှို့ဝှက်ချက်ကိုပါ ရှာဖွေရမယ့် ဇာတ်လမ်းမျိုးပါ။ ကလေးတွေရော လူကြီးတွေရော အတူတူကြည့်လို့ရတဲ့ ပေါ့ပေါ့ပါးပါး စွန့်စားခန်းကားမျိုးပါ။ တောတောင်တွေနဲ့ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတတ်ဖို့ သင်ခန်းစာလေးတွေ ပေးထားပါတယ်။ ဆရာမလေးက ပျံသန်းပြီး တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တာတွေက စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းပါတယ်။ ဒီဇာတ်ကားက နယ်သာလန်မှာ ၂၀၂၆ ဖေဖော်ဝါရီလကတည်းက ရုံတင်ခဲ့တာဖြစ်ပြီး လူကြည့်အများဆုံးထဲမှာ ပါဝင်တဲ့အတွက် Gouden Film (ရွှေတံဆိပ်ဆု) တောင် ရရှိထားတဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ File Size - 1.6 GB/ 717 MB Quality - WEB-DL 1080p/ 720p Duration - 1h 22m Format - mp4 Genre - Adventure, Family, Fantasy Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း