ဇာတ်ကားများ ရွေးရန်

Her Kiss, My Libido Twinkles

2025ဇာတ်ကားအမှတ် 8.7/1065 မိနစ်

Her Kiss, My Libido Twinkles (2025) "အနမ်းတစ်ပွင့်ကနေ စတင်ခဲ့တဲ့ ထူးဆန်းတဲ့ ရင်ခုန်သံ..." ဆေးရုံမှာ ရေရှည်ကုသမှု ခံယူနေရတဲ့ Sana (ဆာနာ) ဟာ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဆေးရုံအပြင်အဆင်တွေနဲ့ တစ်ကိုယ်တည်းဖြစ်နေတဲ့ ခံစားချက်တွေကြောင့် စိတ်ဓာတ်ကျနေသူပါ။ တစ်နေ့မှာတော့ ဆေးရုံက အအေးအရောင်းစက်ရှေ့မှာ ထူးဆန်းတဲ့ အငွေ့အသက်တွေရှိတဲ့ မိန်းကလေး Ayane (အာယာနဲ) နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆေးရုံမှာ တဖြည်းဖြည်းရင်းနှီးလာကြပြီးတော့ Ayane ဟာ Sana ကို မမျှော်လင့်ထားတဲ့အချိန်မှာ အနမ်းတစ်ပွင့်ပေးလိုက်တဲ့အခါ .. Sana ရဲ့ ငြိမ်သက်နေတဲ့ ကမ္ဘာလေးဟာ ရုတ်တရက် လှုပ်ခတ်သွားခဲ့ပါတယ်။ Ayane ရဲ့စိတ်ကို Sana လက်ခံပေးမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဒီဇာတ်ကားဟာ ဆေးရုံဆိုတဲ့ ကန့်သတ်ချက်ရှိတဲ့ နေရာလေးထဲမှာ မိန်းကလေးနှစ်ဦးကြားက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နီးစပ်မှုတွေကို အနုပညာဆန်ဆန် ပုံဖော်ထားပြီးတော့ ပုံမှန် GL ဇာတ်လမ်းတွေထက် ပိုမိုနက်ရှိုင်းပြီး ရိုးသားတဲ့ ခံစားချက်တွေကို အသားပေးထားသလို၊ Miyuki Yorita ရဲ့ မူရင်း Manga အငွေ့အသက်ကိုလည်း ကောင်းကောင်း ထည့်သွင်းထားပါတယ်။ ဒီဇာတ်ကားက ပေါ့ပေါ့ပါးပါးထက် ရိုမန့်တစ် (Romantic) ဆန်ပြီး စိတ်ကူးယဉ်ဆန်တဲ့ (Fantasy elements) အနည်းငယ်ပါဝင်တဲ့ J drama ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက် တကယ်ကြည့်သင့်တဲ့ ကားလေးဖြစ်ပါတယ် ။ File size…1.59GB / 880MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 6 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း