How to Forget You
How to Forget You (2025) "ခလုတ်နှိပ်ပြီး ဖျက်ပစ်လိုရတာမျိုးမဟုတ်တဲ့ အချစ်တစ်ခုကို ဘယ်လိုမေ့ပစ်ရမလဲ..." ဒီကားလေးကို စာရေးဆရာ Ichijo Shinya ရဲ့ "Aisuru Hito wo Nakushita Hito e: Kanashimi wo Iyasu 15 Tsu no Tegami" ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ပုံဖော်ထားတာဖြစ်ပြီး Nogizaka46 အဖွဲ့ဝင်ဟောင်း မင်းသမီးချောလေး Nanase Nishino နဲ့ မင်းသားချော Ryota Bando တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ရင်နင့်စရာ ဂျပန်ဒရာမာဇာတ်ကားသစ်လေးပါ။ Heavy drama ကြိုက်တဲ့သူတွေ ဖီးချင် ဆွေးချင်ကြသူတွေအတွက်တော့ တမြေ့မြေ့လောင်မြိုက်စေမဲ့ဇာတ်ကားပါပဲ။ ဒီကားလေးကတော့ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုတွေကြားကနေ ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်မလဲဆိုတဲ့ အကြောင်းအရာကို ဆွေးဆွေးမြည့်မြည့်လေး ရိုက်ပြထားတာပါ။ ဇာတ်လမ်းလေးကတော့ ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ လူငယ်တေးရေးဆရာလေးတစ်ယောက်အကြောင်းပါ။ ချစ်ရတဲ့သူကို ရုတ်တရက် လက်လွှတ်လိုက်ရတဲ့အခါ ဘယ်လိုမှ ဖြေဆည်မရဘဲ အတိတ်ရဲ့ အရိပ်တွေကြားမှာပဲ တဝဲလည်လည် ဖြစ်နေတော့တာပေါ့။ ဒီလိုနဲ့ ကြေကွဲနာကျင်နေတဲ့အချိန်မှာ သူဟာ "Grief Care" လိုခေါ်တဲ့ ပူဆွေးသောကရောက်နေသူတွေကို ကူညီဖေးမပေးတဲ့ စောင့်ရှောက်မှုအဖွဲ့တစ်ခုနဲ့ ကြုံဆုံလာရပါတယ်။ လူတစ်ယောက်ကို မေ့ပစ်ဖိုဆိုတာ လွယ်တဲ့အရာမှ မဟုတ်တာ။ အထူးသဖြင့် ကိုယ်အရမ်းချစ်ရတဲ့သူဆိုရင် ပိုဆိုးတာပေါ့။ သူ့ရဲ့ နာကျင်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ... ချစ်သူမရှိတော့တဲ့ လောကကြီးမှာ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို ဘယ်လိုခွန်အားတွေ ရှာဖွေမလဲ ဆိုတာကို မျက်ရည်ဝဲရင်း ကြည့်ရှုရမှာပါ။ Slice of Life နဲ့ Emotional Drama ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်လို ပိတ်ရက်မှာ အခုပဲ ဒေါင်းကြည့်လိုက်ကြပါဦး။ File size…1.68GB / 821MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Romance, Life, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း