ဇာတ်ကားများ ရွေးရန်

Patah Hati Yang Kupilih (‌aka) The Heartbreak I Choose

2025ဇာတ်ကားအမှတ် 7.2/10109 မိနစ်

The Heartbreak I Choose (2025) ဇာတ်လမ်းက Alya (Prilly Latuconsina) နဲ့ Ben (Bryan Domani) တို့ရဲ့ ခက်ခဲနက်နဲတဲ့ အချစ်ဇာတ်လမ်းအကြောင်းပါ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပေမယ့် သူတို့ကြားမှာ "ဘာသာရေးမတူညီမှု" ဆိုတဲ့ တံတိုင်းကြီးက အကြီးမားဆုံး အတားအဆီး ဖြစ်နေပါတယ်။ Alya နဲ့ Ben ဟာ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဒီဘာသာရေးပြဿနာနဲ့ အမှားတစ်ခုကြောင့် လမ်းခွဲခဲ့ကြဖူးသူတွေပါ။ အခု ၇ နှစ်အကြာမှာ သူတို့ ပြန်ဆုံကြတဲ့အခါမှာတော့ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးသွားပါပြီ။ Alya ဟာ သူ့မိသားစုက သဘောတူထားတဲ့၊ သူတို့နဲ့ ဘာသာတူတဲ့ Fadil (Indian Akbar) ဆိုတဲ့သူနဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ပြင်ဆင်နေရပါတယ်။ ဇာတ်လမ်းရဲ့ အနှစ်သာရက Alya ဟာ အတိတ်က ချစ်သူ Ben နဲ့ အနာဂတ်အတွက် စိတ်ချရတဲ့ Fadil ကြားမှာ ဗျာများရတာတင် မဟုတ်ပါဘူး။ သူဟာ Ben နဲ့ ပတ်သက်ပြီး သူ့မှာရှိနေတဲ့ "ကလေး" တစ်ယောက်ရဲ့ တာဝန်ကိုလည်း ထည့်တွက်ရပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ "ချစ်ရုံနဲ့ အရာရာ ပြည့်စုံသလား"၊ "ကိုယ့်ရဲ့ ယုံကြည်ချက်ကို စွန့်လွှတ်ပြီး ချစ်သူနောက်ကို လိုက်မလား" ဆိုတဲ့ ပုစ္ဆာတွေကို အဖြေရှာရင်း... နောက်ဆုံးမှာတော့ Alya ဟာ သူ့အတွက်ရော၊ သူချစ်ရတဲ့သူတွေအတွက်ပါ အကောင်းဆုံးဖြစ်မယ့် လမ်းခွဲခြင်း ဒါမှမဟုတ် စွန့်လွှတ်ခြင်းကို "ဒါဟာ ငါကိုယ်တိုင် ရွေးချယ်လိုက်တဲ့ အသည်းကွဲမှုပဲ" ဆိုတဲ့အတိုင်း ခိုင်ခိုင်မာမာ ရွေးချယ်သွားပုံကို ရိုက်ပြထားတာပါ။ ဒီကားက စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမျိုး မဟုတ်ဘဲ အင်ဒိုနီးရှား လူမှုပတ်ဝန်းကျင်မှာ တကယ်ရှိနေတဲ့ ဘာသာရေးမတူတဲ့ ချစ်သူတွေရဲ့ အခက်အခဲကို ပီပီပြင်ပြင် ပုံဖော်ထားပါတယ်။ Prilly နဲ့ Bryan Domani တို့ရဲ့ chemistry က ပြောစရာမလိုအောင် ကောင်းသလို၊ ကလေးသရုပ်ဆောင် Humaira Jahra (Freya အဖြစ်) ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ရင်ထဲကို တော်တော်လေး ထိရှစေပါတယ်။ "ချစ်ခြင်းမေတ္တာဆိုတာ ပိုင်ဆိုင်ရမှမဟုတ်ဘူး၊ တစ်ခါတလေမှာ ကိုယ်ချစ်တဲ့သူအတွက် စွန့်လွှတ်ပေးလိုက်ရတာဟာလည်း အချစ်စစ်ပဲ" ဆိုတဲ့ အချက်ကို ပေးသွားတာပါ။ File size…1.72GB / 836MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း