ဇာတ်ကားများ ရွေးရန်

Naruto the Movie: Legend of the Stone of Gelel

2005ဇာတ်ကားအမှတ် 6.8/1097 မိနစ်

Naruto the Movie: Legend of the Stone of Gelel (2005) IMDB - 6.3/10, MyAnimeList - 6.8/10 Naruto ငယ်ဘဝရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Naruto, Sakura နဲ့ ထူးထူးခြားခြား ဉာဏ်ကြီးရှင် အပျင်းတစ်သူ Shikamaru တို့ ၃ ယောက်သား မြွေပါတစ်ကောင်ကို လိုက်ရှာပြီး ရွာတစ်ရွာကို ပို့ပေးရမယ့်တာဝန်လေးတစ်ခုကို ဆောင်ရွက်နေကြပါတယ်။ ဒီမှာတင် Naruto တစ်ယောက် ထူးဆန်းတဲ့လူတစ်ယောက်နဲ့ တိုက်ခိုက်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားပါတော့တယ်။ သတိရလာတဲ့အခါမှာ နယ်လှည့်ခရီးလှည့်လည်သွားလာနေတဲ့ လူမျိုးစုတစ်စုက ကယ်ထားတာကို သိလိုက်ရပြီး သူနဲ့တိုက်ခိုက်ခဲ့တဲ့ လူကလည်း အတူတူရှိနေပါတယ်။ အဲဒီမှာတင် ဒီလူမျိုးစုခေါင်းဆောင်ဆီကနေ ဟိုးအရင်တုန်းက ထူးဆန်းတဲ့လူမျိုးစုအကြောင်းတွေ ထူးဆန်းတဲ့ကျောက် Gelel ဆိုတာတွေ သိခဲ့ရပြီး ရန်စွယ်တစ်ခု တိုးပွားလာတာကို သိလိုက်ရပါတော့တယ်။ တစ်ဖက်မှာလည်း ပျောက်သွားတဲ့ သူငယ်ချင်းကို လိုက်ရှာနေကြတဲ့ Sakura နဲ့ Shikamaru တို့ကလည်း ထူးဆန်းတဲ့တပ်ဖွဲ့ကြီးတစ်ခုကို တွေ့ရာကနေ နောက်ယောင်ခံလိုက်ရင်း ထောက်လှမ်းမိတဲ့အခါမှာတော့ Gelel ကျောက်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီထဲကို နက်ရှိုင်းစွာ ပါဝင်ပတ်သက်ခဲ့မိပြီး ၃ ယောက်သား ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုရန်စွယ် အန္တရာယ်တွေနဲ့ စွန့်စားတိုက်ခိုက်ရမလဲ ဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါကြောင်း.....။

ဇာတ်လမ်းအကြောင်း