ဇာတ်ကားများ ရွေးရန်

Safe

2012ဇာတ်ကားအမှတ် 6.5/1094 မိနစ်

မိုင်ဆိုတဲ့ တရုတ်မလေးဟာ တစ်ခါမြင်ဖူးတာကို ဘယ်တော့မှမမေ့နိုင်လောက်အောင် မှတ်ဉာဏ်ကောင်းသူပါ။ အဲဒီအစွမ်းကြောင့်ပဲ ဒုစရိုက်ဂိုဏ်းတွေနဲ့ လုပ်ငန်းရှင်တချို့က သူ့ကို အပြိုင်အဆိုင် အလိုရှိနေကြတယ်။ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်တစ်ယောက်က မိုင်ကို ပြန်ပေးဆွဲပြီး သူ့ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီ ခေါ်သွားပါတယ်။ လုခ်ရိုက်ကတော့ ရုရှားမာဖီယားတွေနဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိခဲ့တာကြောင့် ဇနီးသည်ကို ဆုံးရှုံးထားရသူပါ။ မာဖီယားတွေက သူ့ဇနီးကိုသတ်ပြီး လက်စားချေသွားတဲ့နောက် လုခ်လည်း အရက်သမားဖြစ်လာပြီး အိမ်ခြေရာမဲ့ဘဝနဲ့ လေလွင့်နေခဲ့တယ်။ တရုတ်လုပ်ငန်းရှင်က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး မကြာခင်မှာပဲ ရုရှားမာဖီယားတွေက သူ့ကို ထပ်ပြန်ပေးဆွဲသွားကြပါတယ်။ အခွင့်အရေးရတုန်း ထွက်ပြေးလာတဲ့ မိုင်ဟာ လုခ်နဲ့ ဆုံမိသွားတယ်။ ရဲတွေ၊ လူမိုက်ဂိုဏ်းတွေနဲ့ မသမာတဲ့လုပ်ငန်းရှင်တွေကြား ရောက်နေတဲ့ မိုင် ဘေးကင်းနိုင်ပါ့မလား၊ လုခ်ကရော သူ့ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ။ Jason Statham ပါဝင်ထားတဲ့ ဒီမှုခင်းအက်ရှင်ကားမှာ ပြင်းထန်တဲ့ တိုက်ခိုက်ခန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း