Hit Man File
မူးယစ်ဆေးဝါးနဲ့ လောင်းကစားလောကရဲ့ နယ်မြေလုပွဲတွေကြားမှာ ငေါ ဆိုသူ အသတ်ခံလိုက်ရခြင်းကနေ ဇာတ်လမ်းက စတင်ခဲ့ပါတယ်။ ဒီလူသတ်မှုဟာ နယ်မြေအချင်းချင်း သဘောတူညီချက်တွေကို ချိုးဖောက်ပြီး ကျူးကျော်လာခဲ့တဲ့ ကမ်နန်ဘမ်း ရဲ့ လမ်းကြောင်းတွေကြောင့် ဖြစ်လာခဲ့တာပါ။ ဒီကြားထဲမှာပဲ အမတ်တစ်ယောက်ရဲ့ သားဖြစ်သူဟာလည်း ရုတ်တရက် အသတ်ခံလိုက်ရပြန်တာကြောင့် နယ်မြေခံ အာဏာပိုင်တွေနဲ့ လူမိုက်ဂိုဏ်းတွေကြား အခြေအနေတွေဟာ ပိုမိုတင်းမာလာခဲ့ပါတယ်။ ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်မှာ "ရဲဘော်တန်ထိုင်း" ဆိုတဲ့ လျှို့ဝှက်အမည်နဲ့ ကြေးစားလူသတ်သမားတစ်ယောက် ရှိနေတယ်လို့ လူပြောများနေကြပါတယ်။ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ ခွဲခြားရခက်လှတဲ့ ဒီပွဲမှာ အချင်းချင်း လက်စားချေမှုတွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ နောက်ဆုံးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း