ဇာတ်ကားများ ရွေးရန်

Silent Heroes

2026ဇာတ်ကားအမှတ် 5.0/10

ဒီတစ်ခါမှာတော့ ရုပ်ရှင်လေးတစ်ပုဒ်ပေမဲ့ ထူးခြားချက်ကတော့ စစ်သူရဲကောင်းနောက်ကွယ်ကမိသားစု၊ နောက်ဆုံး​အမွေဆက်ခံစာ၊အရေးကြီးဆုံးရွေးချယ်မှု၊အသက်ဆက်ကယ်တင်ခြင်းဆိုတဲ့ အပိုင်းလေးပိုင်းကို တစ်ခုချင်းစီအဖြစ် မတူညီတဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို တင်ဆက်ထားတဲ့ ပုံစံမျိုးကြည့်ရှုရမှာပါ…နိုင်ငံအတွက် သစ္စာရှိမှု မေတ္တာတရား အနစ်နာခံမှု ဆိုတဲ့ အဓိကအာရုံကို တစ်စုတစ်စည်းတည်း ခိုင်မာစွာချိတ်ဆက်ပေးထားတဲ့ ရုပ်ရှင်လေးတစ်ပုဒ်လည်းဖြစ်ပါတယ် နယ်စပ်မှာ အသက်နဲ့လဲပြီး ကာကွယ်နေတဲ့ စစ်သားတွေ သူတို့နောက်ကွယ်မှာရှိတဲ့ မိသားစုတွေ မမြင်ရပေမဲ့ အလွန်လေးနက်တဲ့ စိတ်ခံစားမှုတွေကို ထင်ဟပ်စေမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် စစ်သူရဲကောင်းနောက်ကွယ်က မိသားစုဆိုတဲ့အပိုင်းမှာတော့ နယ်စပ်ကိုကာကွယ်နေတဲ့ သူရဲကောင်းနဲ့ မိသားစုကြားက ချစ်ခြင်းမေတ္တာနဲ့ သေခြင်းရှင်ခြင်းအကြား တင်းမာမှုကို နူးညံ့စွာဖော်ပြထားပါတယ် နောက်ဆုံးအမွေဆက်ခံစာမှာ မိသားစုတစ်စုက ကျဆုံးသွားတဲ့ စစ်သားအတွက် သစ္စာရှိစွာ သတိရစောင့်ရှောက်နေတဲ့ လေးစားဖွယ်ဘဝကို ဖော်ပြထားပါတယ် အရေးကြီးဆုံးရွေးချယ်မှုအပိုင်းကတော့ အရေးကြီးဆုံးအချိန်မှာ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြသပေးပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းမှုကို အထူးဖော်ကြူးပြထားပါတယ် နောက်ဆုံး အသက်ဆက်ကယ်တင်ခြင်းအပိုင်းမှာတော့ အချစ်နဲ့ တာဝန်ကြားက ခက်ခဲတဲ့ရွေးချယ်မှု ရောဂါနဲ့ ရင်ဆိုင်နေတဲ့ ဇနီးတစ်ယောက်ရဲ့ အနစ်နာခံမှုနောက်ဆုံးမှာ သူမရဲ့ အားမာန်နဲ့ ဘဝကို ပြန်လည်တည်ဆောက်နိုင်မှုတွေကို ဖော်ကြူးပြထားတာပဲ ဖြစ်ပါတယ် မိသားစုချစ်ခြင်း တာဝန်ယူမှုနဲ့ နိုင်ငံတော်အပေါ် သစ္စာရှိမှုတို့ကို အလေးထားတဲ့သူတွေအတွက် အလွန်ထိမိစေမဲ့ ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် သရုပ်ဆောင်တွေကလည်း အားလုံးသဘာဝကျပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းရဲ့ခံစားချက်ကို တိတိကျကျ ပို့ဆောင်ပေးနိုင်မှာပါ ဇာတ်လမ်းဇာတ်ကွက်တစ်ခုတည်းမဟုတ်ပေမဲ့ အပိုင်းလေးပိုင်းလုံးဟာ စိတ်ခံစားမှုတစ်ခုတည်းကို တစ်ပြိုင်နက် ထင်ဟပ်စေပြီး ကြည့်ပြီးနောက်မှာလည်း မေ့မရနိုင်တဲ့ ရသတစ်ခုကျန်ရစ်စေတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်မှာ သေချာပါတယ် Filesize : 1.38 GB / 709 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း