ဇာတ်ကားများ ရွေးရန်

Dhaakad

2022ဇာတ်ကားအမှတ် 5.0/10131 မိနစ်4K

အထူးအေးဂျင့် အက်ဂါနီဟာ အဖွဲ့ဝင်တစ်ယောက်နဲ့အတူ လျှို့ဝှက်မစ်ရှင်တစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သတင်းပေါက်ကြားသွားပုံရပြီး သူတို့နှစ်ယောက်ကို စစ်တပ်တစ်တပ်စာလောက်ရှိတဲ့ ရန်သူတွေက အသင့်စောင့်နေကြတယ်။ အဲဒီမှာ အက်ဂါနီနဲ့အတူပါလာတဲ့ အဖွဲ့ဝင် သေဆုံးသွားပါတယ်။ ဌာနချုပ်က မစ်ရှင်ကို ဖျက်သိမ်းဖို့ အမိန့်ပေးပေမယ့် အက်ဂါနီက မနာခံဘဲ ဆက်လုပ်ခဲ့တယ်။ မလိုအပ်ဘဲ လူအများအပြားကိုပါ သတ်ဖြတ်ခဲ့တာကြောင့် ဌာနချုပ်ကလူတွေလည်း သူ့အပေါ် စိတ်ပျက်သွားကြပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို အလွန်ခက်ခဲတဲ့ တာဝန်တစ်ခုအတွက် သီးခြားစေလွှတ်လိုက်တယ်။ Kangana Ranaut အဓိကသရုပ်ဆောင်ထားပြီး Arjun Rampal လည်း ပါဝင်တဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကားပါ။ အက်ရှင်ခန်းတွေအပြင် အဖော်အချွတ်နဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း