Justice League vs. the Fatal Five
ကျွန်တော်တို့ ငယ်ငယ်က တီဗီမှာ စွဲစွဲလမ်းလမ်း ကြည့်ခဲ့ရတဲ့ Justice League ကာတွန်းစီးရီးတွေရဲ့ အရသာကို အပြည့်အဝ ပြန်ပေးစွမ်းနိုင်မယ့် Justice League vs. the Fatal Five (2019) အကြောင်းလေး ရွေးချယ်ပြီး တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းက ၃၁ ရာစု အနာဂတ်ကာလကနေ စတင်ပါတယ်။ အနာဂတ်က The Fatal Five ဆိုတဲ့ ဗီလိန်အဖွဲ့ဟာ သူတို့ရဲ့ အဖွဲ့ဝင်တွေကို ကယ်ထုတ်ဖို့ ပစ္စုပ္ပန်ကာလကို အချိန်ခရီးသွားပြီး ရောက်လာကြပါတယ်။ အဲ့ဒီမှာ Superman, Batman နဲ့ Wonder Woman တို့ပါဝင်တဲ့ Justice League အဖွဲ့ကြီးက Green Lantern အသစ်လေး Jessica Cruz နဲ့ အနာဂတ်ကနေ ရောက်လာတဲ့ Star Boy တို့နဲ့ ပူးပေါင်းပြီး ဒီခြိမ်းခြောက်မှုကို ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ရင်ခုန်စရာ ရိုက်ကူးထားတာပါ။ ဒီကားကို စကြည့်ကြည့်ချင်းပဲ Bruce Timm ရဲ့ နာမည်ကျော် Art Style ကြောင့် ချက်ချင်းဆိုသလို ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရပါတယ်။ ဒါ့အပြင် Kevin Conroy (Batman), George Newbern (Superman) နဲ့ Susan Eisenberg (Wonder Woman) တို့ရဲ့ မူလဂန္တဝင် အသံတွေကို ပြန်ကြားရတာက Fan တွေအတွက်တော့ တကယ့်ကို ရင်ခုန်စရာပါပဲ။ ကားရဲ့ အမိုက်ဆုံးနဲ့ အလေးနက်ဆုံး အချက်က အက်ရှင်ချည်းပဲ မဟုတ်တာပါ။ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Jessica Cruz ရဲ့ စိတ်ဒဏ်ရာ (PTSD) နဲ့ စိုးရိမ်ပူပန်မှု (Anxiety) တွေ၊ Star Boy ရဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို အတော်လေး လေးလေးနက်နက်နဲ့ လူသားဆန်ဆန် တင်ဆက်သွားတာက ဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေပါတယ်။ : ရုပ်ထွက်က ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ကာတွန်းကားတွေလို ဖြစ်နေပေမယ့်၊ တကယ့် Action အခန်းတွေကတော့ လူကြီးတွေအတွက်ပါ ရည်ရွယ်ထားတာမလို့ တော်တော်လေး ကြမ်းပါတယ်။ တိုက်ခိုက်မှုတွေက ပြင်းထန်ပြီး အထိအခိုက် အကျအဆုံးတွေကို လက်တွေ့ကျကျ မြင်တွေ့ရမှာပါ။ Justice League vs. the Fatal Five ဟာ သာမန် စူပါဟီးရိုး အက်ရှင်ကား တစ်ကားထက် ပိုပါတယ်။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေကို ဘယ်လိုကျော်ဖြတ်ပြီး ဟီးရိုးတစ်ယောက် ဖြစ်လာမလဲ ဆိုတာကို ပြသသွားတဲ့ ရင့်ကျက်တဲ့ ဇာတ်လမ်းသွားမျိုး ရှိပါတယ်။ ဂန္တဝင် Justice League ပုံစံကို လွမ်းဆွတ်နေတဲ့သူတွေ၊ Storytelling ကောင်းကောင်းနဲ့ Animation တွေကို သဘောကျတဲ့သူတွေ လုံးဝ ကြည့်သင့်တဲ့ ကားကောင်း တစ်ကားပါ။ File size… 971 MB / 469 MB Quality… Blu -Ray 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Animation, Adventure, SuperHeros Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း