ဇာတ်ကားများ ရွေးရန်

Yunan

2025ဇာတ်ကားအမှတ် 6.5/10125 မိနစ်

Yunan (2025) IMDb Rating (6.5) ဇာတ်လမ်းက အရမ်းကို ကဗျာဆန်ပြီး ခပ်အေးအေးနဲ့ လူ့စိတ်ကို ထိုးဖောက်ပြထားတဲ့ (Character Study) အမျိုးအစားဖြစ်ပြီးဘဝရဲ့ အမှောင်ဆုံးအချိန်မှာ အိမ်ပြန်လမ်းကို ပြန်လည်ရှာဖွေတဲ့ ပုံစံနဲ့ရိုက်ပြထားပါတယ်။ ဇာတ်လမ်းကတော့ ပြည်ပကို ပြည်နှင်ဒဏ်ပေးခံထားရတဲ့ ဆီးရီးယားစာရေးဆရာတစ်ဦးအကြောင်းပါ။ သူဟာ သူ့ဘဝရဲ့ အဓိပ္ပာယ်မဲ့မှုနဲ့ နာကျင်မှုတွေကြောင့် မြောက်ပင်လယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ကျွန်းငယ်လေးတစ်ခုဆီကို သွားပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကျွန်းက ဟိုတယ်လေးတစ်ခုမှာ သူတည်းခိုဖြစ်တဲ့အခါ ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ ခပ်အိုအို အမျိုးသမီးကြီးတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ထိုအမျိုးသမီးရဲ့ ရိုးရှင်းပြီး ကြင်နာတတ်တဲ့ လူသားဆန်မှုတွေက စာရေးဆရာရဲ့ စိတ်အတွင်းပိုင်းမှာ သေဆုံးနေပြီဖြစ်တဲ့ အသက်ရှင်လိုစိတ်တွေ၊ ဆန္ဒတွေနဲ့ ဗီဇတွေကို တဖြည်းဖြည်း ပြန်လည်နိုးထလာစေပါတယ်။ သေဖို့သွားတဲ့ ခရီးစဉ်ကနေ ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ရင်း ရှင်သန်လိုချင်စိတ်တွေ ဘယ်လိုရှာဖွေမလဲ ခရီးစဉ်အဖြစ် ပြောင်းလဲသွားပုံကို ရိုက်ပြထားတဲ့ ဒရမ်မာကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.5 GB) / (910 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:00:32 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း