ဇာတ်ကားများ ရွေးရန်

No Other Love

2026ဇာတ်ကားအမှတ် 5.3/10119 မိနစ်4K

ဒီဇာတ်ကားကတော့ ၂၀၁၆ခုနှစ်ကတည်းကရိုက်ခဲ့ပေမယ့် နဂိုကပါဝင်သရုပ်ဆောင်တဲ့မင်းသားတစ်ယောက်ကြောင့် တရုတ်ပရိသတ်တွေအပြင်းအထန်ကန့်ကွက်ခဲ့လို့ မင်းသားပြောင်းပြီး ၂၀၂၆ခုနှစ်မှရုံတင်ရတဲ့ တရုတ်နာမည်ကျော်မင်းသမီးကြီး Zhao Weiက ဒါရိုက်တာအနေနဲ့ရိုက်ထားတဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်။ Zhao Wei ရဲ့ပထမဆုံးလက်ရာဖြစ်တဲ့ So Young (2013)အရမ်းအောင်မြင်ခဲ့တာကြောင့် ဒုတိယကားကိုလဲ အားလုံးကအများကြီးမျှော်လင့်ထားကြပါတယ်။သာမန်အချစ်ကားမျိုးမဟုတ်ပဲ လူ့စိတ်ရဲ့အမှောင်ဘက်အခြမ်းနဲ့ အစွဲအလမ်းတွေကိုခံစားချက်ပြင်းပြင်းနဲ့ပုံဖော်ထားတဲ့ Suspense Crime Drama ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း.....သက်လတ်ပိုင်းအရွယ် စိုက်ပျိုးရေးသိပ္ပံဌာနမှာ ပိုးကောင်လေးတွေကြားမှာပဲ ဘဝကိုနှစ်မြှုပ်ထားတဲ့မိန်းမတစ်ယောက်......အချစ်ရေးမှာအကြိမ်ကြိမ်လွဲချော်ခဲ့ဖူးလို့ အချစ်ကိုမမျှော်လင့်တော့တဲ့အချိန်မှာ စာရေးဆရာခို့ရိကိုတွေ့လိုက်တဲ့အချိန်မှာ မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမယ့် သူ့ရဲ့အချစ်က သာမန်မဟုတ်ပဲ အစွဲအလန်းကြီးတဲ့ အချစ်ဖြစ်သွားတဲ့အချိန်မှာတော့ ခို့ရိနောက်ကိုတိတ်တိတ်လေးလိုက်ကြည့်တဲ့အထိဖြစ်သွားပါတယ်။ ကံကြမ္မာကအခွင့်အရေးပေးချင်တော့ သူချစ်နေတဲ့စာရေးဆရာနဲ့ အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ သူ့အတွက်တော့ သူရဲ့အိပ်မက်ထဲကချစ်သူနဲ့နီးစပ်ဖို့အခွင့်အရေးလို့မြင်လာပါတယ်။ ဒါပေမယ့် အခြေအနေတွေကမျှော်လင့်ထားသလိုမဟုတ်ပဲ ဒီခရီးက အသက်တွေရင်းရတဲ့ခရီးဖြစ်သွားတဲ့အခါမှာတော့ လမ်းတစ်လျှောက်လုံး ထူးဆန်းတဲ့လူသတ်မှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး အခြေအနေတွေက ထိန်းချုပ်လို့မရတော့တဲ့အထိဖြစ်လာပါတော့တယ် Filesize : 1.23 GB / 743 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Crime, Drama, and Romance Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း