ဇာတ်ကားများ ရွေးရန်

Five Elements

2022ဇာတ်ကား86 မိနစ်

ရှေးနှစ်ပေါင်းများစွာက လူကြီးတွေဟာ ရေ၊ မီး၊ သစ်သား၊ မြေနဲ့ သတ္တုဆိုတဲ့ ဒြပ်စင်ငါးမျိုးကို ဖော်စပ်ခဲ့ကြပါတယ်။ ဒီဒြပ်စင်ငါးပါးရဲ့ အရှင်သခင်တွေက လောကဘေးကင်းဖို့ တာဝန်အသီးသီးယူကြဖို့ ရည်ရွယ်ထားပေမယ့် ရတနာတွေအကြောင်း သိသွားတဲ့ မသမာသူတွေကတော့ ဒြပ်စင်ငါးပါးကို လက်ဝယ်ရယူပြီး လောကကို အုပ်စိုးဖို့ ကြံနေကြတယ်။ ဟင်းရွက်သည်လေး ယန်ရိကျင်းက အာဏာ၊ ဂုဏ်နဲ့ ချမ်းသာကြွယ်ဝမှုကို အရေးကြီးဆုံးလို့ ထင်ထားသူပါ။ သူ သတ္တုအရှင်သခင် ဖြစ်လာတဲ့အချိန်မှာတော့ တကယ်တန်ဖိုးရှိတဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရပါတယ်။ ဒြပ်စင်ငါးပါးကို ဘယ်လိုကာကွယ်ကြမလဲ၊ ရိကျင်း ဆုံးရှုံးခဲ့ရတာက ဘာလဲ၊ အချိန်ခရီးသွားတဲ့အခါ သူ ဘာတွေကို ပြောင်းလဲနိုင်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားတဲ့ စိတ်ကူးယဉ်သိုင်းဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း