ဇာတ်ကားများ ရွေးရန်

Baggio: The Divine Ponytail

2021ဇာတ်ကားအမှတ် 6.4/1091 မိနစ်

Baggio: The Divine Ponytail (2021) IMDb Rating (6.1) / Rotten Tomatoes (57%) "အီတလီရဲ့ဂန္ထဝင်နံပါတ်ကျောနံပါတ် ၁၀ နဲ့... ကမ္ဘာဖလားအိပ်မက်ကြားက နာကျင်စရာ အမှတ်တရများ" အီတလီနဲ့ ဂျူဗင်တပ်စ်ရဲ့ Ballon d'Or ဆုရဂန္ထဝင်ဘောလုံးသမား Roberto Baggio ရဲ့ ဘဝဇာတ်ကြောင်းကို Netflix ကနေ တင်ဆက်ထားတဲ့ Biographical Sports Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Roberto Baggio ရဲ့ ၂၂ နှစ်တာ အားကစားသက်တမ်းအတွင်းက အဓိက အချိုးအကွေ့တွေကို အခြေခံထားပါတယ်။ သူဟာ ငယ်ငယ်က အီတလီစီးရီး C ရဲ့ ပါရမီရှင်လူငယ်လေးဘဝကနေ စီးရီး A အသင်းကြီး ဖီအိုရင်တီးနားကဝယ်သွားပြီး အသင်းမှာ စတင်ခြေစွမ်းပြခဲ့ချိန်ကစလို့ ဒဏ်ရာပြဿနာတွေနဲ့ ဘယ်လိုရုန်းကန်ခဲ့ရသလဲ၊ ဗုဒ္ဓဘာသာကို ဘယ်လိုယုံကြည်သက်ဝင်ခဲ့သလဲဆိုတာတွေကို ရိုက်ပြထားပါတယ်။ အထူးသဖြင့် ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းနဲ့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ လွဲချော်ခဲ့တဲ့ နာကျင်စရာ ဖြစ်ရပ်အပြီး သူ ဘယ်လိုတွေ ခံစားခဲ့ရသလဲ၊ အဲဒီနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ဘယ်လိုပြန်လည်ရယူခဲ့သလဲဆိုတာကို ပုံဖော်ထားပါတယ်။ ဒဏ်ရာတွေအမြဲတမ်းရနေတဲ့ ကစားသမားတစ်ယောက်၊ ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ အပြောခံရတဲ့ကြားကနေ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d'Or) ရသည်အထိ ကြိုးစားခဲ့တဲ့ အီတလီရဲ့ ဂန္တဝင်ကွင်းလယ်ဖန်တီးရှင် ဘတ်ဂျီယိုရဲ့ ဘဝကို ခံစားကြည့်ရမှာဖြစ်ပါတယ်။ File size… (1.3 GB) / (870 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:33:43 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း