ဇာတ်ကားများ ရွေးရန်

My Dearest Señorita

2026ဇာတ်ကားအမှတ် 5.3/10116 မိနစ်

My Dearest Señorita(2026) ၁၉၇၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အော်စကာဆန်ခါတင်ဝင် စပိန်ဂန္ထဝင်ဇာတ်ကားကို ခေတ်သစ်ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ Drama / Romance ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေကို စိန်ခေါ်တဲ့ အချစ်ဇာတ်လမ်းကို အနုပညာဆန်ဆန် တင်ဆက်ထားတာပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးအကြောင်းပါ။ သူမဟာ ကိုယ့်ကိုကိုယ် သိထားတဲ့အရာတွေ၊ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ပုံစံတွေအတိုင်း နေထိုင်လာခဲ့ရာကနေ... တစ်နေ့မှာတော့ ထင်မှတ်မထားတဲ့ ဆေးဘက်ဆိုင်ရာ တွေ့ရှိမှုတစ်ခုကြောင့် သူမရဲ့ ဖြစ်တည်မှုတစ်ခုလုံးဟာ ပြောင်းလဲသွားပါတော့တယ်။ လိင်ကွဲပြားမှု၊ ဖြစ်တည်မှု၊ မိမိကိုယ်ကိုယ် လက်ခံလာနိုင်မှုနဲ့ အချစ်ရဲ့ အဓိပ္ပာယ်တွေကို အတွေးပွားစေမယ့် ပုံစံမျိုးနဲ့ ရိုက်ပြထားတဲ့ ဒရမ်မာကားလေးဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း