ဇာတ်ကားများ ရွေးရန်

True Fiction

2018ဇာတ်ကားအမှတ် 6.2/10103 မိနစ်

True Fiction (2018) ဒီတစ်ခါမှာတော့ ကိုရီးယားရုပ်ရှင်လောကမှာ ဇာတ်လမ်းအလှည့်အပြောင်း ဆန်းဆန်းပြားပြားနဲ့ လူ့သဘာဝရဲ့ လောဘ၊ အတ္တတွေကို သရော်ထားတဲ့ ဒါရိုက်တာ Kim Jin-mook ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ "True Fiction" ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားက Fantascia နိုင်ငံတကာရုပ်ရှင်ပွဲတော်အပါအဝင် ရုပ်ရှင်ပွဲတော်အချို့မှာ အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့သလို၊ မင်းသား Ji Hyun-woo ရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက်လွန်းလှတဲ့ သရုပ်ဆောင်ချက်နဲ့ မင်းသား Oh Man-seok ရဲ့ ဖိအားတွေကြား ပျာယာခတ်နေရတဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် ထူးချွန်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ချီးကျူးခံခဲ့ရတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အထက်လွှတ်တော်အမတ် ယောက္ခမရဲ့ အရှိန်အဝါနဲ့ မြို့တော်ဝန်လောင်းဖြစ်ဖို့ ရေပန်းစားနေတဲ့ နာမည်ကြီးနိုင်ငံရေးသမား အီဂ​ယောင်းဆော့ (Oh Man-seok) ဟာ တစ်နေ့မှာတော့ တရားမဝင်ငွေတွေကို ဝှက်ဖို့နဲ့ သူ့ရဲ့ရည်စားဖြစ်သူ ဂျီယွန်းနဲ့ ပျော်ပါးဖို့အတွက် လူသူဝေးရာ တောတွင်းက မိန်းမဖြစ်သူပိုင်ဆိုင်တဲ့ ဗီလာအိမ်လေးတစ်ခုဆီကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနေရာမှာတော့ ဗီလာအိမ်ကို စောင့်ရှောက်နေတဲ့ ဂင်ဆွန်းထယ် (Ji Hyun-woo) ဆိုတဲ့ ထူးဆန်းတဲ့ ဒေသခံလူငယ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဂင်ဆွန်းထယ်နဲ့ သူ့သူငယ်ချင်းတွေဟာ ရိုးသားသလိုလိုနဲ့ အီဂ​ယောင်းဆော့ရဲ့ အမှားတွေကို တစ်စထက်တစ်စ ဖိအားပေး ​ချောင်ပိတ်ရင်း နောက်ဆုံးမှာတော့ လူသတ်မှု၊ ငွေညှစ်မှုတွေအထိပါတဲ့ ထွက်ပေါက်မရှိတဲ့ ကောက်ကျစ်တဲ့ ထောင်ချောက်တစ်ခုထဲ ဆွဲသွင်းလိုက်ပါတော့တယ်။ ပိုပြီးတော့ ထိတ်လန့်ဖို့ကောင်းတာက ဒီအဖြစ်အပျက်တွေ အားလုံးက ဂင်ဆွန်းထယ် ကြိုတင်စီစဉ်ပြီး ရေးသားနေတဲ့ "လူသတ်ဝတ္ထု" တစ်ပုဒ်အတိုင်း ဖြစ်ပျက်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက စိတ်လှုပ်ရှားစရာ Thriller ပုံစံမျိုးကိုတင်ပြထားတာမျိုးမဟုတ်ဘဲ လူတွေရဲ့ လောဘ၊ အာဏာမက်မောမှုနဲ့ ဘဝရဲ့ခါးသီးတဲ့ သရော်ချက်တွေကို ပီပီပြင်ပြင် ရိုက်ပြထားတာဖြစ်ပါတယ်။ ဒါ​ကြောင့် ဇာတ်ရှိန်တက်တက်နဲ့ ဉာဏ်ကစားပွဲတွေကို ကြည့်ရှုလိုသူများအတွက် လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ​နော်။ File Size - 1.1 GB/ 467 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 40m Format - mp4 Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း